တရုတ်ပြည်တွင်း စမတ်ဖုန်းလောကမှ လူသိများတဲ့ Leakster တစ်ယောက်ကတော့ Oppo Reno မိသားစုရဲ့ မျိုးဆက်သစ်စမတ်ဖုန်းအကြောင်းကို စတင်ပြောကြားလာခဲ့ပါပြီ။ ဒီဖုန်းသစ်ကို အခုနှစ်မေလကုန်လောက်မှာ တရားဝင် တွေ့ရမယ်လို့ ဆိုလာပါတယ်။

ဒါ့ကြောင့် ဧပြီလမှာ မိတ်ဆက်မယ့် Oppo Ace2 အပြီး တစ်လအကြာမှာပဲ Reno3 စီးရီးရဲ့ တိုက်ရိုက်ဆက်ခံသူကို မြင်တွေ့ရမှာပါ။ ပုံမှန်အားဖြင့် 3 ပြီးရင် 4 လာမယ်လို့ တွက်ထားကြပေမယ့် တရုတ်ရိုးရာအယူအဆအရတော့ လေးဂဏန်းဟာ ကံဆိုးမှုအဖြစ် ယူဆကြတာကြောင့် ဒီနံပါတ်ကိုကျော်လွှားပြီး Reno5 အဖြစ်ကြေညာလိမ့်မယ်လို့ ယုံကြည်သူအများအပြားရှိပါတယ်။

ထုံးစံအတိုင်းပဲ Reno5 စီးရီးဟာလည်း Mid-range ကနေ Upper Mid-range အတွင်းရှိတဲ့ စမတ်ဖုန်းပဲ ဖြစ်လာမှာပါ။ Oppo Reno 10x Zoom ကိုကြေညာမိတ်ဆက်ခဲ့ပြီးနောက်မှာ Flagship စစ်စစ်ဖုန်းအသစ်ကို Oppo က အခုထိ မိတ်ဆက်မလာသေးပါဘူး။

အခုမှ သတင်းစထွက်တာဖြစ်တာကြောင့် Reno5 စမတ်ဖုန်းရဲ့ အချက်အလက်တွေဟာ ရှာတွေ့ဖို့ ခက်ခဲနေပါသေးတယ်။ ဒါပေမယ့် Oppo Reno2 မှာ နောက်ဆုံးမြင်တွေ့ခဲ့ရပြီး လူသိများခဲ့တဲ့ Shark-fin စတိုင်လ် ဆဲလ်ဖီကင်မရာကို တကြော့ပြန်မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref – Playfuldroid