[Zawgyi]

ၾသဂုတ္လကုန္ပိုင္းေလာက္တုန္းက OPPO ဟာ Reno2 ကို မိတ္ဆက္ခဲ့ပါတယ္။ ဒီလိုမိတ္မဆက္ခင္ကတည္းက ကုမၸဏီဟာ တတိယမ်ိဳးဆက္ Reno အေၾကာင္းကို ေတြးေတာၿပီး ျပင္ဆင္ထားတယ္လို႔ ဆိုရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ Reno2 ကိုမိတ္ဆက္ၿပီး ၃ လမျပည့္ခင္အခ်ိန္အတြင္းမွာ Reno3 အေၾကာင္း သတင္းေတြက ထြက္ေပၚလာလို႔ပဲ ျဖစ္ပါတယ္။

Weibo မွာေတြ႕ျမင္ရတဲ့ OPPO Reno3 အေၾကာင္းဟာ ၁၀၀ ရာခိုင္ႏႈန္းမွန္ကန္တယ္လို႔ မဆိုႏိုင္ေပမယ့္ ဒီဟန္းဆက္ဟာ ဒုတိယမ်ိဳးဆက္ Reno ထက္ ကင္မရာပိုင္းမွာပိုေကာင္းလာဖြယ္ရွိသလို၊ ပိုၿပီးျမန္ဆန္တဲ့ အားသြင္းစနစ္လည္း ေထာက္ပံ့လာဖြယ္ရွိပါတယ္။ ဒါ့အျပင္ 90Hz screen ကိုလည္း ယူေဆာင္လာၿပီး Dual mode 5G ခ်ိတ္ဆက္ႏိုင္မယ္လို႔လည္း ဆိုပါတယ္။

OPPO Reno3 ဟာ 6.5-inch AMOLED panel နဲ႔ျဖစ္ၿပီး 1080 x 2400 resolution ျဖစ္တယ္လို႔ သိရပါတယ္။ Refresh rate ကေတာ့ အထက္မွာဆိုခဲ့တဲ့အတိုင္းပဲ 90Hz လို႔သိရပါတယ္။ ဒါဟာ Reno2 နဲ႔အ႐ြယ္အစားတူညီၿပီး Resolution လည္း တူညီပါတယ္။ လုံၿခဳံေရးစနစ္အတြက္ In-display fingerprint စနစ္ ပါဝင္မယ္လို႔ သိရပါတယ္။

ေက်ာဘက္မွာ ကင္မရာေလးလုံးတပ္ဆင္ထားၿပီး 60MP Sony IMX686 sensor ကို အသုံးျပဳလာမယ္လို႔ သိရပါတယ္။ ေျပာသံၾကားရတာကေတာ့ 5x telephoto camera (hybrid zoom) လည္း ပါဝင္မယ္ဆိုတာပါ။ က်န္တာေတြကေတာ့ Ultra-wide နဲ႔ Black and White sensor ေတြ ပါဝင္မယ္လို႔ ဆိုပါတယ္။

OPPO Reno3 ဟာ Shark fin ဒီဇိုင္းနဲ႔ ထြက္လာမယ္၊ မထြက္လာဘူးဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ အေရွ႕ကင္မရာကလည္း 32MP Samsung Bright GD1 sensor နဲ႔ Pop-up ဒီဇိုင္းသစ္ ျဖစ္မယ္လို႔ ဆိုထားေပမယ့္ ဆက္လက္ေစာင့္ၾကည့္ဖို႔ လိုေနပါေသးတယ္။ ဘက္ထရီပိုင္းမွာ 4,500mAh ျဖစ္ၿပီး 30W အျမန္အားသြင္းစနစ္ ပါဝင္မယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ႀကိဳးမဲ့အားသြင္းစနစ္ေတာ့ ပါလာမွာ မဟုတ္ပါဘူး။

Snapdragon 735 ကို အသုံးျပဳထားၿပီး 8GB of RAM နဲ႔ တြဲဖက္ေပးထားမယ္လို႔ သိရပါတယ္။ သိုေလွာင္မႈကေတာ့ UFS 2.1-128GB ဒါမွမဟုတ္ 256GB ျဖစ္မယ္လို႔ ဆိုပါတယ္။ ေဈးႏႈန္းကေတာ့ CNY 3,300 (ျမန္မာေငြ ၇ သိန္း ၂ ေသာင္းဝန္းက်င္) ကေန စတင္မယ္လို႔ ေဖာ္ျပထားပါတယ္။ ဘယ္အခ်ိန္မွာ တရားဝင္မိတ္ဆက္မယ္ဆိုတာကေတာ့ ေဖာ္ျပထားျခင္းမရွိေသးတာကို ေတြ႕ရပါတယ္။

Ref: GSM Arena

[Unicode]

OPPO Reno3 ဟာ 90Hz မျက်နှာပြင်၊ 60MP ကင်မရာနဲ့ 5G ချိတ်ဆက်နိုင်မယ်လို့ သတင်းထွက်ပေါ်လာ

သြဂုတ်လကုန်ပိုင်းလောက်တုန်းက OPPO ဟာ Reno2 ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီလိုမိတ်မဆက်ခင်ကတည်းက ကုမ္ပဏီဟာ တတိယမျိုးဆက် Reno အကြောင်းကို တွေးတောပြီး ပြင်ဆင်ထားတယ်လို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Reno2 ကိုမိတ်ဆက်ပြီး ၃ လမပြည့်ခင်အချိန်အတွင်းမှာ Reno3 အကြောင်း သတင်းတွေက ထွက်ပေါ်လာလို့ပဲ ဖြစ်ပါတယ်။

Weibo မှာတွေ့မြင်ရတဲ့ OPPO Reno3 အကြောင်းဟာ ၁၀၀ ရာခိုင်နှုန်းမှန်ကန်တယ်လို့ မဆိုနိုင်ပေမယ့် ဒီဟန်းဆက်ဟာ ဒုတိယမျိုးဆက် Reno ထက် ကင်မရာပိုင်းမှာပိုကောင်းလာဖွယ်ရှိသလို၊ ပိုပြီးမြန်ဆန်တဲ့ အားသွင်းစနစ်လည်း ထောက်ပံ့လာဖွယ်ရှိပါတယ်။ ဒါ့အပြင် 90Hz screen ကိုလည်း ယူဆောင်လာပြီး Dual mode 5G ချိတ်ဆက်နိုင်မယ်လို့လည်း ဆိုပါတယ်။

OPPO Reno3 ဟာ 6.5-inch AMOLED panel နဲ့ဖြစ်ပြီး 1080 x 2400 resolution ဖြစ်တယ်လို့ သိရပါတယ်။ Refresh rate ကတော့ အထက်မှာဆိုခဲ့တဲ့အတိုင်းပဲ 90Hz လို့သိရပါတယ်။ ဒါဟာ Reno2 နဲ့အရွယ်အစားတူညီပြီး Resolution လည်း တူညီပါတယ်။ လုံခြုံရေးစနစ်အတွက် In-display fingerprint စနစ် ပါဝင်မယ်လို့ သိရပါတယ်။

ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားပြီး 60MP Sony IMX686 sensor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ပြောသံကြားရတာကတော့ 5x telephoto camera (hybrid zoom) လည်း ပါဝင်မယ်ဆိုတာပါ။ ကျန်တာတွေကတော့ Ultra-wide နဲ့ Black and White sensor တွေ ပါဝင်မယ်လို့ ဆိုပါတယ်။

OPPO Reno3 ဟာ Shark fin ဒီဇိုင်းနဲ့ ထွက်လာမယ်၊ မထွက်လာဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အရှေ့ကင်မရာကလည်း 32MP Samsung Bright GD1 sensor နဲ့ Pop-up ဒီဇိုင်းသစ် ဖြစ်မယ်လို့ ဆိုထားပေမယ့် ဆက်လက်စောင့်ကြည့်ဖို့ လိုနေပါသေးတယ်။ ဘက်ထရီပိုင်းမှာ 4,500mAh ဖြစ်ပြီး 30W အမြန်အားသွင်းစနစ် ပါဝင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ကြိုးမဲ့အားသွင်းစနစ်တော့ ပါလာမှာ မဟုတ်ပါဘူး။

Snapdragon 735 ကို အသုံးပြုထားပြီး 8GB of RAM နဲ့ တွဲဖက်ပေးထားမယ်လို့ သိရပါတယ်။ သိုလှောင်မှုကတော့ UFS 2.1-128GB ဒါမှမဟုတ် 256GB ဖြစ်မယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ CNY 3,300 (မြန်မာငွေ ၇ သိန်း ၂ သောင်းဝန်းကျင်) ကနေ စတင်မယ်လို့ ဖော်ပြထားပါတယ်။ ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်မယ်ဆိုတာကတော့ ဖော်ပြထားခြင်းမရှိသေးတာကို တွေ့ရပါတယ်။

Ref: GSM Arena