OPPO ကနေ Reno Series စမတ်ဖုန်းတွေထဲမှာ အသစ်ဖြစ်လာမယ့် Reno4 Series စမတ်ဖုန်းတွေကို လာမယ့် ဇွန်လ ၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဖုန်းနောက်ကျောဘက်မှာ “Reno Glow” ဆိုပြီး ရေးသားထားတဲ့ OPPO Reno4 စမတ်ဖုန်းတွေရဲ့ ဓါတ်ပုံတွေကို မြင်တွေ့ခဲ့ရသလို အခုလည်း Reno4 Pro ဖုန်းရဲ့ Render ဓါတ်ပုံတွေ ထပ်မံထွက်ရှိလာခဲ့ပါတယ်။

ဒီ OPPO Reno4 Pro ရဲ့ ဓါတ်ပုံတွေကိုတော့ Weibo စာမျက်နှာမှာပေါက်ကြားလာခဲ့တာဖြစ်ပြီး အစောပိုင်းကထွက်ရှိခဲ့တဲ့ Fancy ဆန်ဆန် Gradient အရောင်နဲ့ နောက်ကျောဘက်က စာသားတွေအစား လုံးဝ အဖြူရောင်နဲ့ အနက်ရောင်ဆိုပြီး ၂ မျိုးထွက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခုထွက်ရှိလာတဲ့ ဓါတ်ပုံတွေဟာ သာမန် OPPO Reno4 စမတ်ဖုန်းမဟုတ်ဘဲ Reno4 Pro ဖြစ်လာမယ်လို့ ယူဆရပါတယ်။

OPPO Reno4 Series စမတ်ဖုန်းတွေဟာ Qualcomm Snapdragon 765G Chipset ကို အသုံးပြုလာမှာဖြစ်ပြီး 5G Network ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Display ပိုင်းမှာလည်း Curved Display တွေအပြင် Punch-hole Selfie Camera တွေကိုလည်း သုံးစွဲထားဦးမှာပါ။ Selfie Camera အနေနဲ့ကတော့ Reno4 မှာ 32MP Selfie Camera ပဲပါဝင်မှာဖြစ်ပေမယ့် Reno4 Pro မှာတော့ 32MP + 2MP Dual Camera Setup ပါဝင်မှာဖြစ်ပါတယ်။

Back Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး 48MP Primary Sensor ကိုပဲ အသုံးပြုထားတာလည်း တူညီမှာဖြစ်ပါတယ်။ ဒါပေမယ့် OPPO Reno4 Pro ဖုန်းမှာ OIS နဲ့အတူ ကျန်တဲ့ Sensor တွေအနေနဲ့ 12MP + 13MP ပါဝင်မယ်လို့ သိရပါတယ်။ Reno4 ဖုန်းမှာတော့ OIS ပါဝင်မှာမဟုတ်သလို Secondary Sensor တွေအနေနဲ့လည်း 8MP + 2MP ပဲ ပါဝင်မှာဖြစ်ပါတယ်။

Battery အပိုင်းမှာတော့ Reno4 Series ဖုန်းတွေက 4000mAh Battery ပါဝင်မှာဖြစ်ပြီး 65W Fast Charging ကိုလည်း Support ပြုလုပ်လာမှာဖြစ်ပါတယ်။ RAM နဲ့ Storage အနေနဲ့ကတော့ အနိမ့်ဆုံး RAM 8GB + 128GB ပါဝင်မှာဖြစ်ပြီး Reno4 Pro ဖုန်းမှာတော့ RAM 12GB + 256GB ကိုပါ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena