Oppo Reno4 နဲ့ Reno4 Pro တို့ရဲ့ တည်ရှိမှုကို အတည်ပြုပေးခဲ့တာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာတဲ့ Leak ဓါတ်ပုံနဲ့အချက်အလက်တွေပါ။ ဒါပေမယ့် ယနေ့မှာလည်း ဒီဖုန်းနှစ်လုံးရဲ့ အချက်အလက်အသစ်တွေ ထပ်ပြီး ပေါ်ထွက်လာခဲ့တဲ့အတွက် ဘယ်လို Specs နဲ့ ဒီဇိုင်းတွေကို မျှော်လင့်ထားရမလဲဆိုတာ သိခွင့်ရလာခဲ့ပါတယ်။

Pro ဗားရှင်းလို့ဆိုထားတဲ့ ဟန်းဆက်မှာတော့ Snapdragon 765G ချစ်ပ်ဆက်ကို 8/128GB သို့မဟုတ် 12/256GB မန်မိုရီအတွဲနဲ့ ရရှိနိုင်မှာပါ။ Display က 6.55” ဖြစ်ပြီး ဘေးဘက်မှာ Curved Screen ဖြစ်ပါတယ်။ နောက်ဘက်မှာ 48MP + 12MP + 13MP ကင်မရာအတွဲကို မြင်တွေ့ရပြီး ရှေ့ဘက်မှာ 32MP ဆဲလ်ဖီးကင်မရာဖြစ်ပါတယ်။ ဘက္ထရီက 4,000 mAh ဖြစ်ပြီး Reno4 နှစ်မျိုးလုံးမှာ 65W အားသွင်းစနစ် အကြမ်းစားပါမှာပါ။

Reno4 Vanilla ဗားရှင်းလည်း သူနဲ့အတူတူပဲဖြစ်ပေမယ့် အဓိကကင်မရာအတွက် OIS မပါသလို ကင်မရာပိုင်းမှာလည်း အနည်းငယ်လျှော့ချထားပါတယ်။ ရှေ့ဘက်မှာတော့ 32MP အဓိက ဆဲလ်ဖီးကင်မရာပဲ ပါလာမှာဖြစ်ပြီး 2MP Depth Sensor တစ်ခု အပိုပါလာနိုင်ပါတယ်။ Display ကတော့ 6.43” ဖြစ်လို့ အနည်းငယ်ပိုသေးပြီး Flat Screen သာ ဖြစ်ပါတယ်။ မန်မိုရီက အခြေခံ 8/128GB တူပေမယ့် နောက်တစ်ဆင့်က 8/256GB သာ ရရှိနိုင်မှာပါ။

Ref – GSMArena