OPPO ဟာ ပြီးခဲ့တဲ့လ အစောပိုင်းက တရုတ်မှာ Reno4 နဲ့ Reno4 Pro ကို ကြေညာခဲ့ပြီး အခုတော့ Pro Version ကို အိန္ဒိယမှာ မကြာခင် ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ OPPO က မိတ်ဆက်မယ့် အချိန်ကို မပြောသေးပေမယ့် ဒီလ ၂၀ နဲ့ ၂၄ ရက်အတွင်း ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

Pro Version နဲ့အတူ Reno4 ကိုပါ ကြေညာမလားဆိုတာ မသိရသေးပါဘူး။ ဒါ့အပြင် အိန္ဒိယ အလုံးတွေရဲ့ Specs တွေဟာ တရုတ် အလုံးတွေနဲ့ တူမလား၊ မတူဘူးလား ဆိုတာလည်း မသိရသေးပါဘူး။ Reno4 နဲ့ Reno4 Pro တို့မှာ Snapdragon 765G Chipset မောင်းနှင်ထားပြီး 65W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ထည့်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ FullHD+ AMOLED မျက်နှာပြင် ပါလာပေမယ့် ရိုးရိုး Reno4 ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၆.၄၃ လက်မနဲ့ Pro Version ဟာ ၆.၅၅ လက်မ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။  Reno4 မှာ စုစုပေါင်း ကင်မရာ ၅ လုံး ပါလာမှာ ဖြစ်ပြီး Pro Version မှာတော့ ၄ လုံးပဲ ထည့်ထားမှာဖြစ်ပါတယ်။

Ref : gsmarena