Oppo Reno4 နဲ့ Reno4 Pro စမတ်ဖုန်းတွေရဲ့ Specs တွေကိုတော့ TENAA အသိအမှတ်ပြုချက်ကြောင့် အတော်များများသိခဲ့ရပါပြီ။ ဇွန်လ ၅ ရက်နေ့မှာ မိတ်ဆက်လာတော့မယ့် ဒီဖုန်းနှစ်လုံးအနက် Reno4 Pro ရဲ့ Render ဒီဇိုင်းပုံကို အရင်မြင်ခဲ့ရပြီး ယနေ့မှာတော့ Reno4 နဲ့ သူ့ရဲ့ အဓိက Specs တွေ ထပ်မံပေါ်ထွက်လာပါတယ်။

Oppo Reno4 မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole တစ်ခုပါပြီး 32MP ဆဲလ်ဖီးကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ Display အရွယ်အစားက 6.5” လက်မဝန်းကျင်ပါ။ ဖုန်းရဲ့ဘယ်ဘက်မှာ Volume Button ပါဝင်ပြီး ညာဘက်အစွန်းမှာတော့ Power Button ပါရှိပါတယ်။

Reno4 ရဲ့ အချိုးအစားက 159.3 x 74 x 7.8mm ရှိပြီး 183g လေးမှာပါ။ Oppo Reno4 Pro ဗားရှင်းကတော့ 159.6 x 72.5 x 7.6mm ရှိပြီး 172g သာ အလေးချိန်ရှိပါတယ်။ Pro ဗားရှင်းမှာ 90Hz Refresh Rate လည်း ပါဝင်မှာဖြစ်ပါတယ်။ Reno4 ဖုန်းနှစ်လုံးမှာ Snapdragon 765G ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 4,000 mAh ဘက္ထရီနဲ့ 65W အားသွင်းစနစ်တို့ ပါဝင်ပါတယ်။

Reno4 နဲ့ Reno 4 Pro ဖုန်းနှစ်မျိုးလုံးမှာ နောက်ဘက် Triple-camera အတွဲကိုပဲ အသုံးပြုလာပြီး ရိုးရိုး Reno4 က 48MP + 8MP + 2MP နဲ့ Pro ဗားရှင်းမှာ 48MP + 12MP + 13MP တို့ဖြစ်ပါတယ်။

Ref – GizmoChina