OPPO Reno4 နဲ့ Reno4 Pro တို့ကို ဇွန်လ ၅ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီဖုန်းတွေရဲ့ Specs တချို့ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ အဲဒီ ဖုန်းတွေရဲ့ ဒီဇိုင်းကိုလည်း တွေ့ခဲ့ရပြီးပါပြီ။ အခုလည်း Reno4 ရဲ့ ဓါတ်ပုံ ၁ ပုံ ထွက်ပေါ်လာပြီး ဒီဇိုင်းကို အသေးစိတ် လေ့လာလို့ရလာပါတယ်။

ဒါ့အပြင် အဲဒီဖုန်းရဲ့ Specs စာရင်းထွက်ပေါ်လာပြီး မော်ဒယ် ၂ လုံးရဲ့ ကွဲပြားခြားနားချက်တွေကို သိလာရပါပြီ။ Reno4 မှာ 32MP နဲ့ 2MP ဆဲလ်ဖီး ကင်မရာ ၂ လုံးပါလာပြီး Pro မှာ 32MP ၁ လုံးထဲ ထည့်သွင်းထားပါတယ်။ အဲဒီ ဆန်ဆာတွေရဲ့ အသေးစိတ်  သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ အနောက်ဘက် ပင်မ ကင်မရာ အနေနဲ့ ဖုန်း ၂ လုံးစလုံးမှာ 48MP ထည့်ထားပြီး Pro ရဲ့ ကင်မရာမှာ OIS ထည့်ထားနိုင်ပါတယ်။ ပင်မ ကင်မရာနဲ့အတူ Pro မှာ 12MP ,  13MP ကင်မရာတွေနဲ့ ရိုးရိုးမော်ဒယ်မှာ 8MP , 2MP ကင်မရာတွေ အားဖြည့်ထားမှာပါ။

Reno4 နဲ့ Pro ရဲ့ နောက်ထပ် ကွာခြားချက်တွေ ရှိပါသေးတယ်။ Pro မှာ ၆.၅၅ လက်မ Dual-curved မျက်နှာပြင်၊ 90Hz Refresh Rate နဲ့ Reno4 မှာ ၆.၄၃ လက်မ 60Hz Flat မျက်နှာပြင် ထည့်သွင်းထားမှာပါ။ ဖုန်း ၂ လုံးစလုံးမှာ တူညီတဲ့ 2400×1080 Resolution , Snapdragon 765G Chipset , 4,000mAh ဘက်ထရီနဲ့ 65W Fast Charging ပါလာမှာပါ။ ဖုန်း ၂ လုံးစလုံးမှာ 8/128GB Memory ကစမှာ ဖြစ်ပြီး Pro မှာ 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။

Reno4 ရဲ့ အခု ဓါတ်ပုံအသစ်အရ ယွမ် ၃,၀၀၀ လောက်နဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၅ သိန်း ၉ သောင်းလောက်ကျသင့်မှာပါ။

Ref : gsmarena