တရုတ်မှာ OPPO Reno4 SE 5G ကို ကြေညာလိုက်ပြီး Reno4 , Reno4 Pro နဲ့ Reno4 Pro Artist Limited Edition တွေပြီးနောက် ၄ လုံးမြောက် Reno4 Series ဖြစ်လာပါတယ်။ Reno4 SE 5G မှာ ၆.၄၃ လက်မ AMOLED မျက်နှာပြင် ပါလာပြီး FullHD+ Resolution နဲ့ 20:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ 60Hz Refresh Rate ကတော့ သာမာန်ပါပဲ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Screen-to-body Ratio က ၉၀.၈ ရာခိုင်နှုန်းရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။

ကင်မရာတွေ အကြောင်းပြောရရင် အရှေ့ဘက်မှာ 32MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးပါလာပြီး EIS , AI Smart Beauty , Portrait Mode , Night Scene Mode နဲ့ 30fps 1080p ဗီဒီယို ရိုက်ကူးမှုတွေ ပါတဲ့အတွက် လုပ်ဆောင်ချက်တွေ များပြားတယ်လို့ ဆိုရမှာပါ။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်ထားပြီး Professional Mode, Portrait Mode, Panorama, Night Scene Mode, EIS, 120fps 1080p Slow-motion နဲ့ 30fps 1080p ဗီဒီယို ရိုက်ကူးမှုတွေ ပါလာပါတယ်။

MediaTek Dimensity 720 Chipset မောင်းနှင်ထားပြီး 8GB LPDDR4x RAM ထည့်ထားပါတယ်။ 256GB UFS 2.0 Storage အထိ ရွေးချယ်နိုင်ပြီး microSD Card စိုက်လို့ မရပါဘူး။ Android 10 အခြေပြု ColorOS 7.2 မောင်းနှင်ထားပြီး 4,300mAh Dual-cell ဘက်ထရီအတွက် 65W SuperVOOC 2.0 Flash Charge နည်းပညာ ထောက်ပံ့ထားပါတယ်။ ပြောရရင်တော့ အားသွင်းနှုန်းက အရမ်းကို လန်းပြီး ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးဖို့ ၃၇ မိနစ်ပဲ လိုပါတယ်။

OPPO Reno4 SE 5G အတွက် 8/128GB Version နဲ့ 8/256GB Version ထုတ်လုပ်ထားပြီး ၂,၄၉၉ နဲ့ ၂,၇၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၄ သိန်း ၈ သောင်းနဲ့ ၅ သိန်း ၅ သောင်းလောက် အသီးသီး တန်ကြေးရှိပြီး Super Flash Black, Super Flash White နဲ့ Super Flash Blue ၃ ရောင် ထုတ်လုပ်ထားပါတယ်။ ဒီလ ၂၅ ရက်နေ့မှာ စတင် ရောင်းမှာ ဖြစ်ပြီး တရုတ် ပြင်ပမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina