OPPO ကနေ လက်ရှိအချိန်မှာ Reno4 နဲ့ Reno4 Pro စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Reno4 Series ဖုန်းအသစ်ဖြစ်လာမယ့် Reno4 SE ကို မကြာခင်မှာ မိတ်ဆက်သွားတော့မှာပါ။

အဆိုပါ OPPO Reno4 SE ဟာ လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး Design ပိုင်းအရ OPPO F17 Pro နဲ့တောင် ဆင်တူနေတာဖြစ်ပါတယ်။ ဒါပေမယ့် အားသာချက်အနေနဲ့ကတော့ 65W Super VOOC 2.0 Fast Charging စနစ်ကို Support ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Display ပိုင်းအနေနဲ့ကတော့ OLED Display ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Selfie Camera အတွက် Single Punch-hole Design ပြုလုပ်ထားပါတယ်။ High Refresh Rate ကို Support ပြုလုပ်မလားဆိုတာကတော့ မသိရသေးပါဘူး။

Performance ပိုင်းမှာကတော့ MediaTek ရဲ့ Dimensity 720 5G Chipset ကို အသုံးပြုလာမှာဖြစ်ပြီး RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 128GB သို့မဟုတ် 256GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။ Battery အနေနဲ့ကတော့ 4300mAh Battery ပါဝင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ အောက်ဖက်မှာတော့ USB-C ၊ Speaker နဲ့ 3.5mm Headphone Jack တွေပါဝင်ဦးမယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ အတိအကျမသိရှိရသေးပေမယ့် လက်ရှိ Reno4 Series ဖုန်းတွေထဲမှာ အသက်သာဆုံးဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena