TENAA ဟာ OPPO ရဲ့ လာမယ့် ဟန်းဆက်အတော်များများကို PDMV00, PEAM00 / PEAT00, နဲ့ PECM10 / PECT10 စတဲ့ မော်ဒယ်နံပါတ်တွေနဲ့အတူ အတည်ပြုချက်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။ PDMV00 ဟာ အင်ဒိုနီးရှားနဲ့ အိန္ဒိယဈေးကွက်တွေမှာ OPPO A53 အနေနဲ့ထွက်ခဲ့တာကို နာမည်ပြောင်းပြီး OPPO A32 အဖြစ် ထွက်လာမယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမယ့် PECM10 / PECT10 ကတော့ ဘယ်မော်ဒယ်အနေနဲ့ ထွက်လာမယ်ဆိုတာကို အခုထိမသိရသေးပါဘူး။ PEAM00/ PEAT00 ကတော့ OPPO Reno4 SE အနေနဲ့ ပွဲထွက်လာမယ်လို့ သတင်းကြီးနေပါတယ်။ ဒီဟန်းဆက်နဲ့ပတ်သက်ပြီး သတင်းဖော်ပြချက်တွေက အမျိုးမျိုးဖြစ်နေတာကြောင့် အတည်ယူနိုင်ဖို့လည်း ခက်ခဲနေပါသေးတယ်။

နောက်ဆုံးထွက်ပေါ်ထားတဲ့ ပေါက်ကြားသတင်းမှာ OPPO Reno4 SE ဟာ Dimensity 720 chipset ကို အသုံးပြုထားမယ်လို့ ဖော်ပြထားပါတယ်။ ကနဦးသတင်းတွေမှာတော့ PEAM00 / PEAT00 နဲ့ဟန်းဆက်ဟာ Dimensity 800 ဒါမှမဟုတ် Dimensity 800U chipset တွေအသုံးပြုပြီး ဈေးကွက်ထဲရောက်လာမယ်လို့ ဖော်ပြထားတာပါ။

PEAM00 / PEAT00 နဲ့ဟန်းဆက်တွေဟာ TENAA listing ဖော်ပြချက်အရ 2.0GHz octa-core processor မောင်းနှင်မယ်လို့လည်း သိရပါတယ်။ တရုတ် Tipster တစ်ယောက်ကလည်း OPPO Reno4 SE လို့ယူဆရတဲ့ ဟန်းဆက်မှာ Dimensity 720 chipset သုံးလာဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ဖူးပေမယ့် တိကျခိုင်လုံတဲ့ သက်သေအထောက်အထား မရှိသေးတာ ဖြစ်ပါတယ်။

OPPO Reno4 SE ဟာ 6.43-inch AMOLED Full HD+ resolution ရှိပြီး 60Hz refresh rate နဲ့ 180Hz touch sampling rate ကို ထောက်ပံ့ပေးထားမယ်လို့ ဆိုပါတယ်။ မျက်နှာပြင်ပေါ်မှာ Punch-hole နဲ့အတူ 32MP selfie ကင်မရာတစ်လုံးလည်း တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ 48MP+8MP+2MP ကင်မရာတွေကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 4,300mAh ပမာဏဖြစ်ပြီး 65W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားဖွယ်ရှိပါတယ်။

Ref: Gizmochina