OPPO ဟာ Reno4 စီးရီးကိုဆက်ခံမယ့် စီးရီးသစ်အတွက် အရှိန်မြှင့်ပြီးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ လက်ရှိသတင်းတွေအရတော့ မျိုးဆက်သစ်စီးရီးမှာ Reno5, Reno5 Pro နဲ့ Reno5 Pro Plus ဆိုပြီး မော်ဒယ်သုံးမျိုးထွက်လာမယ်လို့ သိရပါတယ်။

Reno5 စီးရီးရဲ့ မော်ဒယ်သုံးမျိုးထဲက Reno5 Pro ကတော့ TENAA listings မှာတွေ့မြင်ခဲ့ရပြီးတဲ့နောက် HDR10+ specification မှာ ထပ်ပြီးမြင်တွေ့ရပြန်ပါတယ်။ ဒီ Listing အရ PDSM00 နဲ့ PDST00 နှစ်မျိုးစလုံးကို “Reno5 Pro 5G” အနေနဲ့ပဲ မြင်တွေ့ရပါတယ်။ ဒါကြောင့် Reno5 Pro ဟာ 5G ဟန်းဆက်ဖြစ်နိုင်တယ်ဆိုတဲ့ မှန်းဆချက်ကိုလည်း အတည်ပြုပြီးသားဖြစ်သွားပါတယ်။

MySmartPrice ရဲ့ သတင်းအရ HDR10+ ဝက်ဘ်ဆိုက်ဟာ OPPO အမှတ်တံဆိပ်အောက်မှာ မော်ဒယ်နံပါတ် နှစ်ခုကို ပြသခဲ့ပါတယ်။ PDSM00 နဲ့ PDST00 နှစ်မျိုးစလုံးမှာ 6.55-inch မျက်နှာပြင်ရှိနေပြီး Resolution က 2400 x 1080 pixels ရှိနေပါတယ်။ ရှေ့မျိုးဆက်ကိုအခြေခံပြီးမျှော်လင့်ရတာက ဒီဟန်းဆက်ရဲ့မျက်နှာပြင်ဟာ AMOLED အမျိုးအစားဖြစ်ပြီး Refresh Rate လည်း မြင့်မယ်လို့ မျှော်လင့်ရပါတယ်။

HDR10+ ဟာ Device နဲ့ပတ်သက်ပြီး အချက်အလက်အများအပြားကို ဖော်ပြခြင်းမရှိတာကြောင့် TENAA က သိရတာထက်မပိုသေးဘူးလို့ပဲ ဆိုရမှာပါ။ Listing အရ Reno5 Pro ဟာ 4,250mAh ဘက်ထရီကို အသုံးပြုထားပြီး 65W အားသွင်းစနစ်ကို ထောက်ပံ့ထားပါတယ်။ ကင်မရာပိုင်းမှာတော့ စုစုပေါင်း ကင်မရာ ၅ လုံးတပ်ဆင်ထားမှာဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ 32MP selfie ကင်မရာဖြစ်ပြီး ကျောဘက်မှာတော့ 64MP+8MP+2MP+2MP တွေပဲ ဖြစ်ပါတယ်။ Geekbench အရ Dimensity 1000+ chipset ကို အသုံးပြုထားပြီး 8GB of RAM နဲ့ တွဲဖက်ပေးထားကြောင်း သိရပါတယ်။

Ref: Gizmochina