OPPO က Reno8 T နဲ့ Reno8 T 5G ကို တရားဝင် ကြေညာခြင်း မရှိဘဲ ဗီယက်နမ် ဝက်ဘ်ဆိုက်မှာ ရောင်းချပေးလိုက်ပါတယ်။

OPPO Reno8 T

OPPO Reno8 T မှာ ၆.၄၃ လက်မ AMOLED 90Hz Full HD+ မျက်နှာပြင်တပ်ဆင်ထားပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ 32MP Punch Hole ကင်မရာကို အရှေ့ဘက်နဲ့ 100MP Main, 2MP Depth နဲ့ 2MP Macro ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

Oppo silently launches Reno8 T and Reno8 T 5G

Helio G99 Chipset မောင်းနှင်ထားပြီး 8/256GB ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ microSD Card Slot တပ်ဆင်ထားပြီး 5,000mAh ဘက်ထရီ ပါပါတယ်။  SuperVOOC Fast Charging ထည့်ထားပေမယ့် ကုမ္ပဏီက အားသွင်းနှုန်းကို မပြောဘဲ 33W လို့ ထင်ပါတယ်။

Android 13 အခြေပြု ColorOS 13 မောင်းနှင်ထားပြီး Starlight Black နဲ့ Leather Sunset Orange ၂ ရောင် ထုတ်လုပ်ထားပါတယ်။ ၃၆၅ ဒေါ်လာ သတ်မှတ်ထားပြီး ဗီယက်နမ်မှာ နာမည်ကြီး အွန်လိုင်းစတိုးတွေကနေ ရောင်းပေးလိုက်ပါပြီ။

OPPO Reno8 T 5G

Reno8 T 5G မှာ Snapdragon 695 နဲ့ 8GB RAM တပ်ဆင်ထားပြီး 32MP Punch Hole ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 108MP Main (AF), 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Oppo silently launches Reno8 T and Reno8 T 5G

၆.၇ လက်မ 10-bit OLED FullHD+ 120Hz မျက်နှာပြင် ပါလာပြီး ဘက်ထရီက 4,800mAh ဖြစ်ပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ SuperVOOC ထည့်သွင်းထားပြီး Android 13 အခြေပြု ColorOS 13 မောင်းနှင်ထားပါတယ်။

Starlight Black နဲ့ Dawn Gold အရောင် ထုတ်လုပ်ထားပြီး ဒေါ်လာ ၄၃၀ နဲ့ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena