[Zawgyi]



















[Unicode]

ဖုန်းတွေကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ ဘယ် OPPO ဖုန်းအမျိုးအစားတွေက သင့်အတွက်ဖြစ်မလဲ

ယနေ့ခေတ်တွင် စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများသည် သုံးစွဲသူများ၏လိုအပ်ချက်နှင့် ဆန်းသစ်သော တီထွင်ဖန်တီးမှုများကို ပေါင်းစပ်၍ စမတ်ဖုန်းများကို ဖက်ရှင်ကျလှပရုံသာမက စွမ်းဆောင်ရည်ကောင်းမွန်သော စမတ်ဖုန်းများကို အပြိုင်အဆိုင်ထုတ်လုပ်လာကြပါသည်။ ထိုအထဲတွင် OPPO စမတ်ဖုန်းများသည် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်းအသုံးပြုသူများအတွက် ဆန်းသစ်လှပသော ဒီဇိုင်းများနှင့် တီထွင်ဖန်တီးမှုအသစ်များကို ကမ္ဘာတစ်လွှားရှိ သုတေသနဌာနပေါင်း ၆နေရာနှင့် R&D Center (သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ) ၄နေရာမှ စဉ်ဆက်မပြတ်မြင့်မားသော နည်းပညာများ၏ လှပမှုများအား ရှာဖွေဖော်ထုတ်ခြင်းဖြင့် စမတ်ဖုန်းများအား ထုတ်လုပ်ပေးလျက်ရှိပါသည်။

Premium ဆန်သော ခံစားချက်ကို ရယူလိုသူများအတွက် OPPO Reno 10x Zoom

ထိုကဲ့သို့ စမတ်ကျလှပသော စမတ်ဖုန်းများကို ထုတ်လုပ်လျက်ရှိသော OPPO သည် မကြာသေးမီအချိန်ကလည်း Zoom ၁၀ဆထိချဲ့နိုင်သော OPPO Reno 10x Zoom နှင့် OPPO Reno ဟူသော စမတ်ဖုန်းနှစ်မျိုးကို OPPO Reno Series အဖြစ်မိတ်ဆက်ပေးခဲ့ပါသည်။ OPPO Reno 10x Zoom တွင် ၁၀ဆအထိချဲ့နိုင်သော 10x Hybrid Zoom အဆ ၆၀ အထိချဲ့နိုင်သော 60x Digital Zoom အပြင် 8MP 120° Ultra-Wide Angle Camera ပါဝင်သည့်အတွက် အဝေးမှပုံရိပ်များကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးလိုသူများနှင့် ကျယ်ပြန့်သော ရှုခင်းပုံများကိုရိုက်ကူးလိုသူများအတွက် အကြိုက်တွေ့စေမည် ဖြစ်ပါသည်။ လုပ်ဆောင်ချက်ပိုမိုမြန်ဆန်စေမည့် Snapdragon 855 professor တွင် 7nm နည်းပညာကို အသုံးပြူထားသောကြောင့် Premium ဆန်သောခံစားချက်ကို လိုချင်သည့် အသုံးပြုသူများအတွက် ရွေးချယ်သင့်သည့် စမတ်ဖုန်းတစ်မျိုးဖြစ်ပါသည်။

စတိုင်ကျသောအမြင်နှင့် ဆန်းသစ်သော ဒီဇိုင်းကို လိုချင်သော ဖုန်းချစ်သူများအတွက် OPPO Reno

OPPO Reno 10x Zoom နှင့်အတူထွက်ရှိထားသော OPPO Reno တွင် Supercar Door design ကို inspiration ယူထားသည့် ကမ္ဘာ့ပထမဆုံး Pivot Rising Camera၊ 6th Corning Gorilla Glass ဖြင့်ပြုလုပ်ထားသည့် ၆.၄” အရွယ်အစားရှိသော ရွှန်းစိုတောက်ပနေသည့် AMOLED Panoramic Screen တို့ဖြင့် ပြုလုပ်ထားကြောင့် စတိုင်ကျသောအမြင်နှင့် ဆန်းသစ်သော ဒီဇိုင်းကို လိုချင်သော ဖုန်းချစ်သူများအတွက် အထူးသင့်တော်သည့် စမတ်ဖုန်းလည်း ဖြစ်ပါသည်။ Camera တွင်လည်း F 1.7 Aperture ရှိသော 48MP Sony IMX 586 main camera ကိုတပ်ဆင်ပေးထားသောကြောင့် ကြည်လင်ပြတ်သားတောက်ပသည့် ပုံရိပ်များကို ဖမ်းယူပေးနိုင်မည့်အပြင် ညအချိန်တွင်ကြည်လင်ပြတ်သားသော ပုံများကို ရိုက်ကူးနိုင်သည့် Ultra Night Mode နှင့်အတူ ရှုခင်းနှင့် လူမျက်နှာကို ကြည်လင်ပြတ်သားစွာ ခွဲခြားပေးသော Portrait Mode 2.0 ကိုလည်းထည့်သွင်းပေးထားသည့်အတွက် ဓာတ်ပုံရိုက်ခြင်းကို နှစ်သစ်သောသူများအတွက် အထူးအကြိုက်တွေ့စေမည် ဖြစ်ပါသည်။

အရောင်ပိုင်းအနေဖြင့် သုံးစွဲသူများအတွက် OPPO Reno 10x Zoom နှင့် OPPO Reno နှစ်မျိုးလုံးကို Ocean Green နှင့် Jet Black ဟူ၍ ရွေးချယ်နိုင်မည် ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် OPPO Reno 10x Zoom အား မြန်မာငွေ (၁,၁၉၉,၉၀၀) ကျပ်ဖြင့်လည်းကောင်း OPPO Reno အား မြန်မာငွေ (၆၉၉,၉၀၀) ကျပ်ဖြင့်လည်းကောင်း OPPO ဖုန်းအရောင်းကောင်တာများနှင့် ဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။

ဖုန်းမျက်နှာပြင်ပြည့်ခံစားမှုကို ရယူလိုသူများအတွက် OPPO F11 Pro

အလင်းမှိန်မှိန်ပုံရိပ်ထင်ထင် အနေဖြင့် မိတ်ဆက်ပေးထားသည့် OPPO F11 Pro တွင် ကျယ်ပြန့်ရှင်းလင်းသော မျက်နှာပြင်ပေါ်တွင် အပေါက်လုံးဝမပါဝင်သည့် Panoramic Screen ကို အသုံးပြုပေးထားသည့်အတွက် ဖုန်းမျက်နှာပြင်ပြည့်ခံစားမှုကို ကြိုက်နှစ်သက်သူများအတွက် အထူးသင့်လျော်သည့် စမတ်ဖုန်းမျိုးဖြစ်သည်။ ထို့အပြင် OPPO F11 Pro တွင် ဖုန်း၏အလယ်ဗဟိုမှထွက်ပေါ်လာသော အထူးဆွဲဆောင်မှုရှိသည့် Pop Up selfie camera ကို တပ်ဆင်ထားသည့်အတွက် selfie ချစ်သူများအတွက် နှစ်ခြိုက်စေမည့် စမတ်ဖုန်း တစ်မျိုးလည်း ဖြစ်ပါသည်။ ထို့အပြင် မိနစ် ၈၀အတွင်း 0 to 100 % အားပြည့်စေမည့် အမြန်အားသွင်းစနစ်ဖြစ်သော VOOC 3.0 ကိုပါထည့်သွင်းပေးထားသည့် အတွက် အမြန်အားသွင်းစနစ်၏ ကောင်းမွန်မှုများကို ခံစားရစေမည် ဖြစ်သည်။ OPPO F11 Pro တွင် ရောင်ပြေးကာလာများဖြစ်သော ခရမ်း၊ အပြာ နှင့် အနက်ကို ရောစပ်ထားသည့် သုံးရောင်စပ်ရောင်ပြေး Thunder Black နှင့် အစိမ်းနှင့် အပြာရောစပ်ထားသည့် နှစ်ရောင်စပ်ရောင်ပြေး Aurora Green တို့ကို ရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် (၄၉၉,၉၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါသည်။

ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်သော စမတ်ဖုန်းကို ရွေးချယ်လိုသူများအတွက် OPPO F11

F11 series ၏နောက်ထပ်စမတ်ဖုန်းတစ်မျိုးဖြစ်သော OPPO F11 စမတ်ဖုန်းတွင် ညအချိန်တွင်ပင် ကြည်လင် ပြတ်သားသော ပုံများကိုရိုက်ကူးနိုင်သည့် 48+5MP ကျောဘက်ကင်မရာနှစ်လုံး တပ်ဆင်ပေးထားသည့်အတွက် ဓာတ်ပုံချစ်သူများအတွက် အကြိုက်တွေ့စေမည့် စမတ်ဖုန်းဖြစ်ပါသည်။ Media Tek ရဲ့ Helio P70 chipset အသုံးပြုထားသည့်အပြင် Hyper Boost စနစ်ကိုထည့်သွင်းထားသည့်အတွက် PUBG နဲ့ Mobile Legends လိုနာမည်ကြီး မိုဘိုင်းဂိမ်းများကို ကစားလိုသူများအဖို့ အကြိုက်တွေ့စေမည်ဖြစ်ပါသည်။ ထို့အပြင် OPPO F11 Pro မှာကဲ့သို့ VOOC 3.0 အမြန်အားသွင်းစနစ်ကိုလည်းထည့်သွင်းပေးထားသောကြောင့် ရွေးချယ်သင့်သည့် စမတ်ဖုန်း တစ်မျိုး ဖြစ်ပါသည်။ ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်သော စမတ်ဖုန်းကို ရှာဖွေနေသော စမတ်ဖုန်း ချစ်သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် OPPO F11 ကို ရောင်ပြေးကာလာများဖြစ်သော Fluorite Purple အရောင်နှင့် Marble Green အရောင်ဟူ၍ နှစ်မျိုးရရှိနိုင်ပြီဖြစ်ပြီး မြန်မာကျပ်ငွေ (၃၉၈,၉၀၀) ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ OPPO အရောင်းကောင်တာများနှင့် ဖုန်းအရောင်ဆိုင်များတွင် ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါ သည်။

ဖက်ရှင်ကျလှပချင်သူများအတွက် OPPO F11 Jewelry White Limited Edition

ထို့အပြင် OPPO F11 တွင် ဖက်ရှင်ကျလှပသော စမတ်ဖုန်းများကို ရွေးချယ်ဝယ်ယူလိုသူများအတွက် ရည်ရွယ် ထုတ်လုပ်ထားသောပုလဲဖြူရောင်နှင့် ခရမ်းနုရောင်တို့ကို အခြေခံပြီးထုတ်လုပ်ထားသည့် အရောင်ပြေးကာလာအသစ် OPPO F11 Jewelry White Limited Edition ကိုလည်းရရှိနိုင်မည် ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် (၄၁၉,၉၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

တန်ဖိုးသင့်စမတ်ဖုန်းချစ်သူများ ရွေးချယ်သင့်သည့် OPPO A series

OPPO A series တွင် OPPO A7, OPPO A1k, OPPO A5s ဟူ၍ တန်ဖိုးသင့် စမတ်ဖုန်းချစ်သူများ ရွေးချယ်နိုင်ရန် ထွက်ရှိထားပါသည်။

3D မှန်သားပုံစံ ဒီဇိုင်းနှင့် ဂရစ်လိုင်းသဏ္ဍာန် ပုံဖော်ထားသော OPPO A7 တွင် 13MP+2MP အနောက်ဘက် camera နှစ်လုံး၊ စွမ်းဆောင်ရည်ကောင်းမွန်သော Snapdragon 450 နှင့် ကြီးမာသော 4030mAh Battery တပ်ဆင်ပေးထားသောကြောင့် အသုံးပြုသူများ အကြိုက်တွေ့စေမည့် စမတ်ဖုန်းတစ်မျိုး ဖြစ်သည်။ OPPO A7 စမတ်ဖုန်းကို Glaze Blue နှင့် Glaring Gold ဟူ၍ အရောင်နှစ်မျိုး ရရှိနိုင်ပြီး ဈေးနှုန်း (၂၆၉,၉၀၀) ကျပ်ဖြင့် ဝယ်ယူနိုင်ပါသည်။

OPPO A1k စမတ်ဖုန်းတွင် ရေစက်ပုံစံမျက်နှာပြင်၊ MediaTek Helio P22 processor နှင့် Android Pie 9.0 အခြေခံ နောက်ဆုံးပေါ် ColorOS 6.0 ကို အသုံးပြုပေးထားသောကြောင့် ဝယ်ယူအားပေးသူုများအား အကောင်းဆုံးသော မျက်နှာပြင်ပြည့် ခံစားချက်ကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ စမတ်ဖုန်းအား (၁၇၈,၉၀၀) ကျပ်ဖြင့် အရောင်အားဖြင့် အနီရောင်နှင့် အနက်ရောင်တို့ဖြင့် ရွေးချယ်ရရှိနိုင်ပြီ ဖြစ်ပါသည်။

ရေစက်ပုံမျက်နှာပြင်ဖြင့် ထုတ်လုပ်ထားသော OPPO A5s သည် မျက်နှာပြင် ၆.၂ လက်မ အရွယ်အစား၊ကြီးမားသော 4,230 mAh Battery၊ Portrait ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်မည့် 13MP+2MP ကျောဘက် ကင်မရာနှစ်လုံး နှင့် လှပသော selfie ပုံများကို ရိုက်ကူးနိုင်သော 8MP AI Beauty ကင်မရာ ပါဝင်သည့်အတွက် ရွေးချယ်သင့်သည့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါသည်။ A5s စမတ်ဖုန်းအား 2GB+32GB ကို ဈေးနှုန်း (၂၀၉,၉၀၀) ကျပ်ဖြင့်လည်းကောင်း 3GB+32GB ကို ဈေးနှုန်း (၂၂၉,၉၀၀) ကျပ်ဖြင့်လည်းကောင်း အရောင်အားဖြင့် အနီနှင့်အနက် အရောင်နှစ်မျိုးအပြင် အသစ်ထပ်မံ မိတ်ဆက်ပေးထားသော အပြာရောင်တို့ စသည်ဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

OPPO ဖုန်းများအားလုံးကို မြန်မာနိုင်ငံတစ်ဝန်းရှိ OPPO ဖုန်းကောင်တာများနှင့် ဖုန်းအရောင်းဆိုင်များတွင် Tax ပါဝင်ပြီး အထက်ဖော်ပြပါ ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါသည်။