Unicode

OPPO ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအပြင် Wireless Earbuds တွေကိုပါ ထုတ်လုပ်နေပြီဖြစ်ပေမယ့် Fitness Band နဲ့ Smartwatch လိုမျိုး Wearable စျေးကွက်ကိုတော့ ဝင်ရောက်လာခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဒါက မကြာခင်ပြောင်းလဲသွားတော့မှာပါ။

ဘာကြောင့်လဲဆိုရင် နာမည်ကြီး Leakstar တစ်ဦးဖြစ်တဲ့ Ice Universe ကနေ Twitter Account ကနေတစ်ဆင့် OPPO ရဲ့ ပထမဆုံး Smartwatch Render ဓါတ်ပုံကို ဖော်ပြလိုက်တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ OPPO Smartwatch နဲ့ ပတ်သတ်ပြီး တခြားသော အသေးစိတ်သတင်းအချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ယခင်ထွက်ရှိထားတဲ့သတင်းတွေအရတော့ ECG Feature ပါဝင်လာဖို့ များနေပါတယ်။

Design ပိုင်းအရတော့ OPPO Smartwatch ဟာ Apple Watch တွေနဲ့ဆင်တူတဲ့ လေးထောင့်ဒီဇိုင်းကို သုံးစွဲထားပြီး ဘေးဘက်မှာ Digital Crown အစား Button ၂ ခုကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Display ကိုလည်း Curved Design ပြုလုပ်ထားတဲ့အတွက် Apple Watch နဲ့ပိုပြီး ဆင်တူနေပါတယ်။ အရောင်အနေနဲ့ကတော့ Ice Universe က ရွှေရောင် Stainless Steel Casing နဲ့ Polycarbonate Strap ပါဝင်တဲ့ Version ကိုပဲ ဖော်ပြခဲ့ပြီး တရားဝင်မိတ်ဆက်တဲ့အချိန်မှာတော့ တခြားသောအရောင်တွေကိုပါ မိတ်ဆက်လာနိုင်မယ်လို့ ယူရပါတယ်။

OPPO ဟာ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပသွားမယ့် MWC 2020 Event မှာ Flagship စမတ်ဖုန်းတွေဖြစ်လာမယ့် OPPO Find X2 Series ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပြီး ယခု OPPO Smartwatch အသစ်ကိုလည်း အဆိုပါဖုန်းတွေနဲ့အတူ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

Ref – Ice Universe Twitter

Zawgyi

OPPO ဟာ အခုေနာက္ပိုင္းမွာ စမတ္ဖုန္းေတြအျပင္ Wireless Earbuds ေတြကိုပါ ထုတ္လုပ္ေနၿပီျဖစ္ေပမယ့္ Fitness Band နဲ႔ Smartwatch လိုမ်ိဳး Wearable ေစ်းကြက္ကိုေတာ့ ဝင္ေရာက္လာျခင္းမရွိေသးပါဘူး။ ဒါေပမယ့္ ဒါက မၾကာခင္ေျပာင္းလဲသြားေတာ့မွာပါ။

ဘာေၾကာင့္လဲဆိုရင္ နာမည္ႀကီး Leakstar တစ္ဦးျဖစ္တဲ့ Ice Universe ကေန Twitter Account ကေနတစ္ဆင့္ OPPO ရဲ႕ ပထမဆုံး Smartwatch Render ဓါတ္ပုံကို ေဖာ္ျပလိုက္တာေၾကာင့္ျဖစ္ပါတယ္။ အဆိုပါ OPPO Smartwatch နဲ႔ ပတ္သတ္ၿပီး တျခားေသာ အေသးစိတ္သတင္းအခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပခဲ့ျခင္းမရွိပါဘူး။ ယခင္ထြက္ရွိထားတဲ့သတင္းေတြအရေတာ့ ECG Feature ပါဝင္လာဖို႔ မ်ားေနပါတယ္။

Design ပိုင္းအရေတာ့ OPPO Smartwatch ဟာ Apple Watch ေတြနဲ႔ဆင္တူတဲ့ ေလးေထာင့္ဒီဇိုင္းကို သုံးစြဲထားၿပီး ေဘးဘက္မွာ Digital Crown အစား Button ၂ ခုကို ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ Display ကိုလည္း Curved Design ျပဳလုပ္ထားတဲ့အတြက္ Apple Watch နဲ႔ပိုၿပီး ဆင္တူေနပါတယ္။ အေရာင္အေနနဲ႔ကေတာ့ Ice Universe က ေ႐ႊေရာင္ Stainless Steel Casing နဲ႔ Polycarbonate Strap ပါဝင္တဲ့ Version ကိုပဲ ေဖာ္ျပခဲ့ၿပီး တရားဝင္မိတ္ဆက္တဲ့အခ်ိန္မွာေတာ့ တျခားေသာအေရာင္ေတြကိုပါ မိတ္ဆက္လာႏိုင္မယ္လို႔ ယူရပါတယ္။

OPPO ဟာ လာမယ့္ ေဖေဖာ္ဝါရီလမွာ က်င္းပသြားမယ့္ MWC 2020 Event မွာ Flagship စမတ္ဖုန္းေတြျဖစ္လာမယ့္ OPPO Find X2 Series ဖုန္းေတြကို မိတ္ဆက္သြားမွာျဖစ္ၿပီး ယခု OPPO Smartwatch အသစ္ကိုလည္း အဆိုပါဖုန္းေတြနဲ႔အတူ မိတ္ဆက္လာဖြယ္ရွိေနပါတယ္။

Ref – Ice Universe Twitter