[Zawgyi]

ပြီးခဲ့တဲ့အပတ်က OPPO F11 Pro စမတ်ဖုန်းသစ်ရဲ့ သတင်းနဲ့အတူ Teaser တစ်ခုကိုပါ ပေါက်ကြားလာခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ အဓိကဖော်ပြလာခဲ့တာက ဖုန်းရဲ့ ဒီဇိုင်းဖြစ်ပြီး နောက်ဘက်က ကင်မရာနေရာချပုံအသစ်နဲ့ ရှေ့ဘက်မှာ ဆယ်ဖီကင်မရာမတွေ့ရတာကြောင့် သူလည်းပဲ Pop-up ကင်မရာ ဒီဇိုင်းနဲ့ ထွက်လာမယ်လို့ ယူဆရတယ်။

အဆိုပါပုံထဲမှာလည်း “48MP” နဲ့ “Brilliant Portrait in low light” ဆိုတဲ့ စာသားတွေ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ OPPO ရဲ့တရားဝင်တွစ်တာအကောင့်မှာ ခြောက်စက္ကန့်စာ Teaser လေးကို တရားဝင်ထုတ်ပြန်လာခဲ့ပြီး အထက်ပါ ဆောင်ပုဒ်နဲ့ ဖုန်းဒီဇိုင်းတို့ကို ထပ်ပြီးအတည်ပြုနိုင်ခဲ့တယ်။

စမတ်ဖုန်းသစ်ရဲ့ အပေါ်ဘက်မှာ Pop-up ဆယ်ဖီကင်မရာတစ်ခု ထွက်လာဖို့ မျှော်လင့်ထားပေမယ့် မနှစ်က ထွက်ခဲ့တဲ့ Vivo NEX S နဲ့တော့ လုပ်ဆောင်ပုံမတူတော့ဘဲ Vivo V15 Pro ဖုန်းသစ်တွေလို နောက်ဘက် ကင်မရာနဲ့ တစ်နေရာတည်း အတူနေရာချလာမယ့်ပုံ ဖြစ်ပါတယ်။

နောက်ဘက်မှာ 48MP Sensor ပါမယ်လို့ ကြေငြာလိုက်ပြီဖြစ်တဲ့အတွက် Samsung ISOCELL GM1 မဟုတ်ရင် Sony IMX586 တစ်ခုခုကို သုံးစွဲလာမှာပါ။ ဗီဒီယိုထဲမှာ F11 Pro ရဲ့ ထွက်ရှိလာမယ့်ရက်နဲ့ ပတ်သက်ပြီး OPPO ကဘာမှမပြောထားဘဲ “မကြာခင် ထွက်လာမယ်” လို့ပဲ ဆိုထားပါတယ်။ ပုံမှန်အားဖြင့် OPPO F စီးရီးဟာ တစ်နှစ်ကို နှစ်ကြိမ်အသစ်ထွက်လေ့ရှိတာကြောင့် သိပ်မကြာတော့ဘူးလို့ ထင်ရပါတယ်။

Ref – GSM Arena