OPPO ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက Esports Game တစ်ခုဖြစ်တဲ့ League of Legends အတွက် Global Smartphone Partner အဖြစ်တာဝန်ယူထားတာဖြစ်ပါတယ်။ အခုလည်း League of Legends World Championship 2020 ကို မကြာခင်ကျင်းပသွားတော့မှာပဲဖြစ်ပါတယ်။

အဆိုပါ Event အတွက် OPPO ကနေ လက်ရှိမိတ်ဆက်ထားတဲ့ OPPO Find X2 စမတ်ဖုန်းကို League of Legends Esports : World 2020 Edition ဆိုပြီး မိတ်ဆက်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ WearOS ကို အသုံးပြုထားတဲ့ OPPO Watch League of Legends Limited Edition ကိုပါ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Limited Edition Find X2 ဖုန်းကို တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Riot ကနေ ထုတ်လုပ်ခဲ့တဲ့ “Take Over” Animation Music Video မှာပဲ ထည့်သွင်းထားခဲ့တာဖြစ်တဲ့အတွက် Design ပိုင်းကိုတော့ ခန့်မှန်းနိုင်ခဲ့ပါတယ်။

OPPO ဟာ ယခင်တုန်းကလည်း အခုလိုမျိုး Game ကုမ္ပဏီတွေ၊ Anime တွေ၊ ဘောလုံးအသင်းတွေနဲ့ ရုပ်ရှင်တွေကိုပါ ပူးပေါင်းပြီးတော့ Limited Edition ဖုန်းတွေ အမြောက်အများထုတ်လုပ်ဖူးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဆိုပါ ဖုန်းတွေထဲမှာ OPPO Ace 2 EVa ၊ Reno4 Pro 5G Artist Edition ၊ F11 Pro Avengers Edition ဖုန်းတွေပါဝင်ခဲ့ပါတယ်။

Ref – GSM Arena