OPPO ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ Find X5 Series စမတ်ဖုန်းတွေကို ကြေညာမယ်လို့ အတည်ပြုထားပြီးပါပြီ။ အခုတော့ OPPO ရဲ့ တရားဝင် တရုတ်လူမှုကွန်ရက် ဝီဘိုက မျှဝေလိုက်တဲ့ Teaser အသစ် ၁ ခုအရ အဲဒီ မိတ်ဆက်ပွဲမှာ စမတ်ဖုန်းတွေအပြင်  တခြား ထုတ်ကုန် အသစ်တွေကိုပါ ကြေညာမှာ ဖြစ်ပါတယ်။

Oppo to introduce a tablet, a watch and Enco X2 TWS buds alongside the Find X5

OPPO မျှဝေထားတဲ့ Teaser ပိုစတာ အရ ကြိုးမဲ့ နားကြပ် ၁ ခု၊ စမတ်နာရီ အသစ် ၁ လုံးနဲ့ တက်ဘလက် အသစ် ၁ လုံးကိုပါ ကြေညာမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက သတင်းပေါက်ကြားခဲ့တဲ့ တက်ဘလက်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မျက်ဝါးထင်ထင် မြင်တွေ့ရဖို့ ရှိနေပါတယ်။ OPPO Pad လို့ နာမည်ပေးထားမှာ ဖြစ်ပြီး ၁၁ လက်မ FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားနိုင်ပါတယ်။

Oppo Pad benchmarked with Snapdragon 870 and 6GB RAM - GSMArena.com news

Snapdragon 870 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 13MP Main နဲ့ 8MP ကင်မရာ ၂ လုံး၊ အရှေ့ဘက်မှာ ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။ 6GB RAM နဲ့ 256GB Storage ထည့်သွင်းထားနိုင်ပြီး Android 11 အခြေပြု ColorOS 12 နဲ့ 8,080mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

OPPO မိတ်ဆက်မယ့် ကြိုးမဲ့ နားကြပ် အသစ်က ပြီးခဲ့တဲ့ လက သတင်းပေါက်ကြားခဲ့တဲ့ Enco X2 TWS ဖြစ်နိုင်ပါတယ်။ ဘယ်စမတ်နာရီ ဖြစ်မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် အရင်နှစ်က ကြေညာခဲ့တဲ့ Watch 2 ရဲ့ မျိုးဆက်သစ် စမတ်နာရီ ဖြစ်နိုင်ပြီး ဒီဇိုင်းကို ပိုစတာမှာ တွေ့နိုင်ပါတယ်။

Ref : gsmarena