Zawgyi

OPPO ကေန သူ႔ရဲ႕ Premium Mid-range ဖုန္းျဖစ္တဲ့ OPPO R17 Pro ကို မၾကာေသးခင္ကမွ မိတ္ဆက္ခဲ့ျပီး ျမန္မာျပည္တြင္းမွာလည္း ျမန္မာက်ပ္ေငြ ကိုးသိန္း ေလာက္နဲ႔ ဝယ္ယူလို႔ ရခဲ့ပါတယ္။ Super VOOC နဲ႔ In-Display Fingerprint Scanner ေတြပါဝင္ျပီး Flagship မက် Mid-range မက် SoC ျဖစ္တဲ့ Snpdragon 710 ကို အသံုးျပဳေပးထားပါတယ္။ ဒီဇိုင္းပိုင္းလွပျပီး ကင္မရာ အရည္အေသြး အေတာ္ေလးေကာင္းမြန္တဲ့ အတြက္ လူၾကိဳက္မ်ားခဲ့ပါတယ္။ တရုတ္ ဖုန္းကုမၸဏီေတြ ထံုးစံ အတုိင္း လူၾကိဳက္မ်ားျပီး ေရာင္းအားေကာင္းတဲ့ ဖုန္းေတြကို Limitted Edition ေတြအျဖစ္နဲ႔ ျပန္လည္ ထုတ္လုပ္ေလ့ရွိျပီး OPPO R17 Pro ကိုလည္း King of Glory Edition အျဖစ္နဲ႔ျပန္လည္ မိတ္ဆက္မွာပါ။

King of Glory ဆိုတာကေတာ့ Wangzhe Rongyao လို႔ တရုတ္လိုေခၚတဲ့ အြန္လိုင္းဂိမ္းပါ။ အဆိုပါ အြန္လိုင္းဂိမ္းဟာ PUBG Mobile နဲ႔ Mobile Legends တို႔လိုပဲ လူအမ်ားၾကီးနဲ႔ အြန္လိုင္းခ်ိတ္ဆက္ေဆာ့ရတဲ့ ဂိမ္းတစ္မ်ိဳးျဖစ္ျပီး တရုတ့္ျပည္တြင္းမွာ အေတာ္ေလး လူၾကိဳက္မ်ားပါတယ္။ PUBG Mobile ကို ထုတ္တဲ့ Tencent ကုမၸဏီကပဲ ထုတ္ထားတာျဖစ္ျပီး တရုတ္ျပည္တြင္းမွာ စမတ္ဖုန္း အသစ္ေပၚလာတိုင္း အဲ့ဒီ ဂိမ္းနဲ႔ပဲ စမ္းသပ္ကစားေလ့ရွိၾကပါတယ္။ အဲ့တာေၾကာင့္ပဲ တရုတ္ျပည္တြင္း စမတ္ဖုန္း ထုတ္လုပ္သူ ေတာ္ေတာ္မ်ားမ်ားဟာ အဆိုပါ ဂိမ္းအတြက္ ရည္ရြယ္ျပီး Optimize လုပ္ထားတဲ့ ဖုန္းေတြ ထုတ္လုပ္လိုၾကပါတယ္။ အခုေတာ့ OPPO က လက္ဦးသြားပါျပီ။

အဆိုပါ OPPO R17 Pro ရဲ႕ King of Glory Edition Teaser Video ကို တရုတ္ ဆိုရွယ္မီ ဒီယာ Website တစ္ခုေပၚမွာ တင္ခဲ့တာျဖစ္ျပီး King of Glory Edition ဆိုတဲ့နာမည္နဲ႔ ဇန္နဝါရီ ခုနစ္ရက္ေန႔မွာ တရားဝင္မိတ္ဆက္မယ္လို႔ သိရပါတယ္။ Tencent နဲ႔ ပူးေပါင္းျပီးထုတ္ထားတာျဖစ္တဲ့အတြက္ ဖုန္းဒီဇိုင္းပိုင္းကို Tencent ရဲ႕ အၾကိဳက္ King of Glory Game နဲ႔လိုက္ဖက္မယ့္ ဒီဇိုင္းမ်ိဳးနဲ႔ ထုတ္ႏိုင္ပါတယ္။ Software ပိုင္းမွာလည္း အဆိုပါ King of Glory Game အတြက္ အက်အန Optimize လုပ္ေပးထားမွာမို႔ King of Glory Game ကစားတဲ့ သူေတြ အတြက္ကေတာ့ ရွယ္ပါပဲ။ King of Glory ဟာ တရုတ္ျပည္တြင္းမွာပဲ နာမည္ၾကီးတာေၾကာင့္ ဇန္နဝါရီ မွာ ထြက္လာမယ့္ အဆိုပါ OPPO R17 Pro Edition ဟာ တစ္ျခားႏိုင္ငံေတြအတြက္ေတာ့ အဆင္မေျပပါဘူး။ တစ္ကယ္လို႔သာ PUBG Mobile နဲ႔ Mobile Lengends Edition ဆိုျပီး ထုတ္ခဲ့ရင္ေတာ့ ႏိုင္ငံတကာမွာ ေရာင္းအား အေတာ္ေလးေကာင္းသြားႏိုင္ပါတယ္။

Ref: Giz China

Unicode

OPPO ကနေ သူ့ရဲ့ Premium Mid-range ဖုန်းဖြစ်တဲ့ OPPO R17 Pro ကို မကြာသေးခင်ကမှ မိတ်ဆက်ခဲ့ပြီး မြန်မာပြည်တွင်းမှာလည်း မြန်မာကျပ်ငွေ ကိုးသိန်း လောက်နဲ့ ဝယ်ယူလို့ ရခဲ့ပါတယ်။ Super VOOC နဲ့ In-Display Fingerprint Scanner တွေပါဝင်ပြီး Flagship မကျ Mid-range မကျ SoC ဖြစ်တဲ့ Snpdragon 710 ကို အသုံးပြုပေးထားပါတယ်။ ဒီဇိုင်းပိုင်းလှပပြီး ကင်မရာ အရည်အသွေး အတော်လေးကောင်းမွန်တဲ့ အတွက် လူကြိုက်များခဲ့ပါတယ်။ တရုတ် ဖုန်းကုမ္ပဏီတွေ ထုံးစံ အတိုင်း လူကြိုက်များပြီး ရောင်းအားကောင်းတဲ့ ဖုန်းတွေကို Limitted Edition တွေအဖြစ်နဲ့ ပြန်လည် ထုတ်လုပ်လေ့ရှိပြီး OPPO R17 Pro ကိုလည်း King of Glory Edition အဖြစ်နဲ့ပြန်လည် မိတ်ဆက်မှာပါ။

King of Glory ဆိုတာကတော့ Wangzhe Rongyao လို့ တရုတ်လိုခေါ်တဲ့ အွန်လိုင်းဂိမ်းပါ။ အဆိုပါ အွန်လိုင်းဂိမ်းဟာ PUBG Mobile နဲ့ Mobile Legends တို့လိုပဲ လူအများကြီးနဲ့ အွန်လိုင်းချိတ်ဆက်ဆော့ရတဲ့ ဂိမ်းတစ်မျိုးဖြစ်ပြီး တရုတ့်ပြည်တွင်းမှာ အတော်လေး လူကြိုက်များပါတယ်။ PUBG Mobile ကို ထုတ်တဲ့ Tencent ကုမ္ပဏီကပဲ ထုတ်ထားတာဖြစ်ပြီး တရုတ်ပြည်တွင်းမှာ စမတ်ဖုန်း အသစ်ပေါ်လာတိုင်း အဲ့ဒီ ဂိမ်းနဲ့ပဲ စမ်းသပ်ကစားလေ့ရှိကြပါတယ်။ အဲ့တာကြောင့်ပဲ တရုတ်ပြည်တွင်း စမတ်ဖုန်း ထုတ်လုပ်သူ တော်တော်များများဟာ အဆိုပါ ဂိမ်းအတွက် ရည်ရွယ်ပြီး Optimize လုပ်ထားတဲ့ ဖုန်းတွေ ထုတ်လုပ်လိုကြပါတယ်။ အခုတော့ OPPO က လက်ဦးသွားပါပြီ။

အဆိုပါ OPPO R17 Pro ရဲ့ King of Glory Edition Teaser Video ကို တရုတ် ဆိုရှယ်မီ ဒီယာ Website တစ်ခုပေါ်မှာ တင်ခဲ့တာဖြစ်ပြီး King of Glory Edition ဆိုတဲ့နာမည်နဲ့ ဇန်နဝါရီ ခုနစ်ရက်နေ့မှာ တရားဝင်မိတ်ဆက်မယ်လို့ သိရပါတယ်။ Tencent နဲ့ ပူးပေါင်းပြီးထုတ်ထားတာဖြစ်တဲ့အတွက် ဖုန်းဒီဇိုင်းပိုင်းကို Tencent ရဲ့ အကြိုက် King of Glory Game နဲ့လိုက်ဖက်မယ့် ဒီဇိုင်းမျိုးနဲ့ ထုတ်နိုင်ပါတယ်။ Software ပိုင်းမှာလည်း အဆိုပါ King of Glory Game အတွက် အကျအန Optimize လုပ်ပေးထားမှာမို့ King of Glory Game ကစားတဲ့ သူတွေ အတွက်ကတော့ ရှယ်ပါပဲ။ King of Glory ဟာ တရုတ်ပြည်တွင်းမှာပဲ နာမည်ကြီးတာကြောင့် ဇန်နဝါရီ မှာ ထွက်လာမယ့် အဆိုပါ OPPO R17 Pro Edition ဟာ တစ်ခြားနိုင်ငံတွေအတွက်တော့ အဆင်မပြေပါဘူး။ တစ်ကယ်လို့သာ PUBG Mobile နဲ့ Mobile Lengends Edition ဆိုပြီး ထုတ်ခဲ့ရင်တော့ နိုင်ငံတကာမှာ ရောင်းအား အတော်လေးကောင်းသွားနိုင်ပါတယ်။

Ref: Giz China