OPPO က ဥရောပမှာ ဈေးကွက်တိုးချဲ့ဖို့ ကြိုးစားနေပြီး အခုလည်း နောက်ထပ် ခြေလှမ်းအသစ် ၁ ခုကို စတင်လိုက်ပါတယ်။ OPPO က ဥရောပ နိုင်ငံ ၇ ခုမှာ Vodafone နဲ့ ပူးပေါင်းမှာ ဖြစ်ပြီး Vodafone က OPPO ရဲ့ ထုတ်ကုန်တွေကို ရောင်းပေးမှာ ဖြစ်သလို 5G အသုံးပြုမှု တိုးတက်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။

OPPO က Vodafone နဲ့ ပူးပေါင်းမယ့် နိုင်ငံ ၇ ခုမှာ ဂျာမနီ၊ ဗြိတိန်၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ တူရကီနဲ့ နယ်သာလန်တို့ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါ ဖြစ်နေပေမယ့်လည်း Vodafone က OPPO ရဲ့ Device တွေကို အွန်လိုင်းစတိုးရော မြေပြင် စတိုးတွေကနေ ရောင်းပေးမှာ ဖြစ်ပါတယ်။

OPPO က A Series , Reno Devices တွေကနေ Find X2 နဲ့ Find X2 Pro တို့လို အမျိုးအစား အားလုံးကို ရောင်းမယ်လို့ မီဒီယာတွေကို ပြောပါတယ်။ Vodafone ရဲ့ အွန်လိုင်း Channels တွေမှာ ဒီသတင်းကို မကြေညာထားသေးပါဘူး။ ဒါပေမယ့် Find X2 Pro ကို ကြေညာပြီးကတည်းက နယ်သာလန်မှာ ရောင်းပေးထားတာ ဖြစ်ပြီး Vodafone Spain က Plan ဝယ်ယူတဲ့ စားသုံးသူ အသစ် ၁ ယောက်အတွက် OPPO A9 2020 ကို အခမဲ့ ပေးနေပါတယ်။

Ref : gsmarena