OPPO စမတ်ဖုန်း ကုမ္ပဏီကို လွန်ခဲ့တဲ့ ၁၆ နှစ်က စတင် တည်ထောင်ခဲ့ပြီး အခုတော့ ကမ္ဘာ့ အထင်ကရ စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာသလို စမတ် Device ၊ 5G ကွန်ရက် ကိရိယာတွေနဲ့ AI ကို ဖန်တီးနိုင်တဲ့ အခြေအနေကိုလည်း ရောက်လာပါပြီ။ OPPO ဟာ လက်ရှိမှာ နိုင်ငံပေါင်း ၄၀ မှာ ထုတ်ကုန်တွေကို ရောင်းချနေပြီး Research Institute ၆ ခုနဲ့ R&D Centers ၄ ခုကို ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာအဝန်းမှာ OPPO ထုတ်ကုန်တွေကို သုံးတဲ့ သူပေါင်း သန်း ၃၅၀ လောက်ရှိနေတာက OPPO ရဲ့ အောင်မြင်မှုတွေကို ထင်ဟပ်စေပါတယ်။

OPPO ဟာ ၂၀၀၈ ခုနှစ်မှာ ပထမဆုံး စမတ်ဖုန်းဖြစ်တဲ့ OPPO A103 aka Smiley Face ကို ထုတ်လုပ်ရောင်းချခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စမတ်ဖုန်းလောကအတွက် ထူးထူးဆန်းဆန်းတွေကို ဖန်တီးပြခဲ့ပါတယ်။ Rotating ကင်မရာ ပါတဲ့ OPPO N1 ဟာ စမတ်ဖုန်း လောကရဲ့ ကင်မရာ ဒီဇိုင်း အသစ် ဖြစ်လာခဲ့သလို  ဒီဇိုင်း အရမ်း ဆန်းသစ်တဲ့ Find X ကလည်း စွဲဆောင်မှု အပြည့်ရှိပါတယ်။ မကြာသေးခင်ကပဲ  ကင်မရာ အရမ်း ကောင်းတဲ့ Reno 10x Zoom ကို ချပြခဲ့ဖူးပါတယ်။

OPPO ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်း အပြင် တခြား ဈေးကွက်တွေကိုပါ နယ်ချဲ့ခဲ့ပါတယ်။ အခုဆိုရင် စွမ်းဆောင်ရည်မြင့် နားကြပ်နဲ့ Amplifiers တွေကို ထုတ်လုပ်ရောင်းချထားသလို ကုမ္ပဏီရဲ့ VOOC Flash Charge ကလည်း Fast Charging နယ်ပယ်မှာ ရှေ့ဆုံးက ပြေးခဲ့တာပါ။ ဒီနှစ် ဇူလိုင်လမှာ OPPO က 125W Fast Charging ကို မိတ်ဆက်ခဲ့ပြီး စမတ်ဖုန်း လောကကို ဦးဆောင်ခဲ့ပါတယ်။

Ref : gsmarena