[Zawgyi]

Fingerprint Sensor, Earpiece နဲ႔ Speaker တို႔လိုမ်ိဴး Sensor ေတြကို Display ေအာက္မွာ ျမႇပ္ႏွံၿပီးေနာက္ ယခုတဖန္ အလွည့္က်လာသူကေတာ့ Selfie Camera လို႔ ေျပာရမွာပါ။ စမတ္ဖုန္း ထုတ္လုပ္သူေတြအေနနဲ႔ ၿပီးျပည့္စုံတဲ့ မ်က္ႏွာျပည့္ စမတ္ဖုန္းရဖို႔အတြက္ Selfie Camera ကို Display ေအာက္မွာ ျမႇပ္ႏွံဖို႔ ႀကိဳးစားေနၾကပါၿပီ။ လက္ရွိမွာ Screen to body ratio ပိုမ်ားေစမယ့္ မ်က္ႏွာျပင္ျပည့္ စမတ္ဖုန္းေတြကို Notch, Punch-hole, Pop-up Selfie Camera, Slider စတဲ့ နည္းပညာေတြနဲ႔ ေျဖရွင္းေနၾကေပမယ့္ အေကာင္းဆုံးေသာ နည္းလမ္းေတာ့ မဟုတ္ေသးပါဘူး။

Selfie Camera ကို Display ေအာက္မွာ အဆင္ေျပေျပ ျမႇပ္ႏွံႏိုင္ဖို႔အတြက္ Samsung , Xiaomi နဲ႔ Oppo အပါအဝင္ စမတ္ဖုန္းကုမၸဏီႀကီး ေတာ္ေတာ္မ်ားမ်ားက ႀကိဳးစားေနၾကေပမယ့္ Oppo ကေတာ့ ေတာ္ေတာ္ေလး ခရီးေရာက္ေနၿပီလို႔ ေျပာရမွာပါ။ Samsung အေနနဲ႔ Under display selfie camera နည္းပညာကို ေလ့လာစမ္းသပ္ေနေၾကာင္း ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးေပမယ့္ အခုခ်ိန္ထိ ႐ုပ္လုံးမေပၚေသးပါဘူး။ အလားတူ Xiaomi ကလည္း ဒီရက္ပိုင္း ၾကားသိခဲ့ရတဲ့ သတင္းေတြအရဆိုရင္ မူပိုင္ခြင့္ အဆင့္မွာပဲ ရွိပါေသးတယ္။ ဒါေပမယ့္ Oppo ကေတာ့ Under display selfie camera နည္းပညာ အသုံးျပဳထားတဲ့ စမတ္ဖုန္းကို ထုတ္ေဖာ္ျပသလိုက္ပါၿပီ။

အဆိုပါ စမတ္ဖုန္းကို ၾကာျမင့္ခ်ိန္ ၁၅စကၠန္႔သာရွိတဲ့ ဗီဒီယိုေလးတစ္ခုနဲ႔အတူ တြစ္တာကေန တစ္ဆင့္ ထုတ္ေဖာ္ျပသခဲ့တာ ျဖစ္ပါတယ္။ ဗီဒီယိုထဲမွာ ျမင္ေတြ႕ရတဲ့အတိုင္းဆိုရင္ Oppo ရဲ႕ နည္းပညာက Punch-hole camera ေတြထက္ လုံးဝကို အဆင့္ျမင့္သြားပါၿပီ။ ကင္မရာ အသုံးျပဳတဲ့ အခ်ိန္ကလြဲၿပီး က်န္တဲ့ အခ်ိန္ေတြမွာ Punch-hole camera ေတြလိုမ်ိဴး Camera sensor အမည္းကြက္ႀကီး ေပၚမေနေတာ့ပါဘူး။ ဒါေပမယ့္ Camera Sensor က Display ေအာက္ ေရာက္သြားၿပီျဖစ္တဲ့အတြက္ Sensor ကို Display မွန္က အနည္းနဲ႔ အမ်ား ဒုကၡေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ Under Display Selfie Camera ရဲ႕ ပုံထြက္အရည္အေသြးေတြကိုလည္း တစ္ခ်က္ေစာင့္ၾကည့္ဖို႔ လိုအပ္ပါေသးတယ္။

Ref : Android Authority

[Unicode]

Display အောက်မှာ Selfie Camera မြှပ်နှံထားတဲ့ ဖုန်းကို Oppo ထုတ်ပြ

Fingerprint Sensor, Earpiece နဲ့ Speaker တို့လိုမျိူး Sensor တွေကို Display အောက်မှာ မြှပ်နှံပြီးနောက် ယခုတဖန် အလှည့်ကျလာသူကတော့ Selfie Camera လို့ ပြောရမှာပါ။ စမတ်ဖုန်း ထုတ်လုပ်သူတွေအနေနဲ့ ပြီးပြည့်စုံတဲ့ မျက်နှာပြည့် စမတ်ဖုန်းရဖို့အတွက် Selfie Camera ကို Display အောက်မှာ မြှပ်နှံဖို့ ကြိုးစားနေကြပါပြီ။ လက်ရှိမှာ Screen to body ratio ပိုများစေမယ့် မျက်နှာပြင်ပြည့် စမတ်ဖုန်းတွေကို Notch, Punch-hole, Pop-up Selfie Camera, Slider စတဲ့ နည်းပညာတွေနဲ့ ဖြေရှင်းနေကြပေမယ့် အကောင်းဆုံးသော နည်းလမ်းတော့ မဟုတ်သေးပါဘူး။

Selfie Camera ကို Display အောက်မှာ အဆင်ပြေပြေ မြှပ်နှံနိုင်ဖို့အတွက် Samsung , Xiaomi နဲ့ Oppo အပါအဝင် စမတ်ဖုန်းကုမ္ပဏီကြီး တော်တော်များများက ကြိုးစားနေကြပေမယ့် Oppo ကတော့ တော်တော်လေး ခရီးရောက်နေပြီလို့ ပြောရမှာပါ။ Samsung အနေနဲ့ Under display selfie camera နည်းပညာကို လေ့လာစမ်းသပ်နေကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့ဖူးပေမယ့် အခုချိန်ထိ ရုပ်လုံးမပေါ်သေးပါဘူး။ အလားတူ Xiaomi ကလည်း ဒီရက်ပိုင်း ကြားသိခဲ့ရတဲ့ သတင်းတွေအရဆိုရင် မူပိုင်ခွင့် အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် Oppo ကတော့ Under display selfie camera နည်းပညာ အသုံးပြုထားတဲ့ စမတ်ဖုန်းကို ထုတ်ဖော်ပြသလိုက်ပါပြီ။

အဆိုပါ စမတ်ဖုန်းကို ကြာမြင့်ချိန် ၁၅စက္ကန့်သာရှိတဲ့ ဗီဒီယိုလေးတစ်ခုနဲ့အတူ တွစ်တာကနေ တစ်ဆင့် ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်းဆိုရင် Oppo ရဲ့ နည်းပညာက Punch-hole camera တွေထက် လုံးဝကို အဆင့်မြင့်သွားပါပြီ။ ကင်မရာ အသုံးပြုတဲ့ အချိန်ကလွဲပြီး ကျန်တဲ့ အချိန်တွေမှာ Punch-hole camera တွေလိုမျိူး Camera sensor အမည်းကွက်ကြီး ပေါ်မနေတော့ပါဘူး။ ဒါပေမယ့် Camera Sensor က Display အောက် ရောက်သွားပြီဖြစ်တဲ့အတွက် Sensor ကို Display မှန်က အနည်းနဲ့ အများ ဒုက္ခပေးနိုင်ပါတယ်။ ဒါ့ကြောင့် Under Display Selfie Camera ရဲ့ ပုံထွက်အရည်အသွေးတွေကိုလည်း တစ်ချက်စောင့်ကြည့်ဖို့ လိုအပ်ပါသေးတယ်။

Ref : Android Authority