Zawgyi

ေမွ်ာ္လင့္ထားၾကတဲ့အတုိင္း Oppo ဟာ သူတုိ႔ကုမၸဏီရဲ႕ မုိဘုိင္းဖုန္းေတြအတြက္ Android Custom Skin အသစ္ ColorOS 7 ကို စတင္မိတ္ဆက္လိုက္ပါၿပီ။ ထုံးစံအတုိင္း ဒီဇိုင္းပုိင္းဆုိင္ရာ အႀကီးစားျပင္ဆင္မႈအျပင္ Breeno Voice Assistant နဲ႔ ကင္မရာ Feature အသစ္ စတဲ့ေျပာင္းလဲမႈေတြ ပါဝင္လာပါတယ္။

အရင္ဆုံး Icon ေတြကို Oppo က ပုိၿပီးလုံးဝန္းတဲ့ပုံစံျဖစ္ေအာင္ ျပင္ဆင္ၿပီး ပိုေပ်ာ့တဲ့အေရာင္ေတြ အသုံးျပဳလာကာ Size ကိုလည္း ျပင္ဆင္ခြင့္ေပးလာခဲ့ပါတယ္။ Wallpapers အသစ္ေတြ၊ System Sound နဲ႔ Animation အသစ္ေတြအျပင္ ပိုေကာင္းေအာင္ျပဳလုပ္ထားတဲ့ Dark Mode လည္းပါဝင္လာတယ္။

ကင္မရာအပုိင္းမွာ အသစ္စက္စက္ Night Mode အလန္းစားနဲ႔အတူ တုိးျမွင့္လာတဲ့ Protrait Mode ၊ ဗီဒီယုိရုိက္ကူးေနစဥ္မွာ တုန္ခါမႈကို ကာကြယ္ေပးႏုိင္တဲ့ Anti-shake စနစ္တုိ႔ ထည့္သြင္းလာတယ္။ ဓါတ္ပုံနဲ႔ ဗီဒီယုိေတြကို လွ်င္ျမန္စြာျပဳျပင္ႏုိင္မယ့္ Soloop ဆုိတဲ့ Editor App အသစ္တစ္ခုလည္း ပါဝင္လာပါတယ္။ သူ႕ရဲ႕ကိုယ္ပိုင္ Voice Assistant ျဖစ္တဲ့ Breeno ကိုလည္း ယခင္ကထက္ ပိုအားကိုးရေအာင္ျပဳျပင္လာၿပီး Hands-free နဲ႔ Driving Mode အသစ္ေတြနဲ႔ ထြက္လာခဲ့ပါတယ္။

Oppo ဟာ သူတုိ႔ရဲ႕လူႀကိဳက္မ်ားေနတဲ့ Reno စမတ္ဖုန္းထုတ္ကုန္လိုင္းအတြက္ အဖြဲ႕ဝင္သစ္ Reno3 ကုိလည္း ColorOS 7 မိတ္ဆက္ပြဲမွာပဲ Tease လုပ္လာခဲ့ပါတယ္။ Reno3 ဟာ ColorOS 7 နဲ႔ထြက္ရွိလာမယ့္ ပထမဆုံးဟန္းဆက္ပါ။ သူ႕မွာ 5G Dual-mode ပါဝင္ၿပီး ဒီဇင္ဘာလထဲမွာပဲ ေရာက္ရွိလာမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

မျှော်လင့်ထားကြတဲ့အတိုင်း Oppo ဟာ သူတို့ကုမ္ပဏီရဲ့ မိုဘိုင်းဖုန်းတွေအတွက် Android Custom Skin အသစ် ColorOS 7 ကိုစတင်မိတ်ဆက်လိုက်ပါပြီ။ ထုံးစံအတိုင်း ဒီဇိုင်းပိုင်းဆိုင်ရာ အကြီးစားပြင်ဆင်မှုအပြင် Breeno Voice Assistant နဲ့ ကင်မရာ Feature အသစ် စတဲ့ပြောင်းလဲမှုတွေ ပါဝင်လာပါတယ်။

အရင်ဆုံး Icon တွေကို Oppo က ပိုပြီးလုံးဝန်းတဲ့ပုံစံဖြစ်အောင် ပြင်ဆင်ပြီး ပိုပျော့တဲ့အရောင်တွေ အသုံးပြုလာကာ Size ကိုလည်း ပြင်ဆင်ခွင့်ပေးလာခဲ့ပါတယ်။ Wallpapers အသစ်တွေ၊ System Sound နဲ့ Animation အသစ်တွေအပြင် ပိုကောင်းအောင်ပြုလုပ်ထားတဲ့ Dark Mode လည်းပါဝင်လာတယ်။

ကင်မရာအပိုင်းမှာ အသစ်စက်စက် Night Mode အလန်းစားနဲ့အတူ တိုးမြှင့်လာတဲ့ Protrait Mode ၊ ဗီဒီယိုရိုက်ကူးနေစဉ်မှာ တုန်ခါမှုကို ကာကွယ်ပေးနိုင်တဲ့ Anti-shake စနစ်တို့ ထည့်သွင်းလာတယ်။ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို လျှင်မြန်စွာပြုပြင်နိုင်မယ့် Soloop ဆိုတဲ့ Editor App အသစ်တစ်ခုလည်း ပါဝင်လာပါတယ်။ သူ့ရဲ့ကိုယ်ပိုင် Voice Assistant ဖြစ်တဲ့ Breeno ကိုလည်း ယခင်ကထက် ပိုအားကိုးရအောင်ပြုပြင်လာပြီး Hands-free နဲ့ Driving Mode အသစ်တွေနဲ့ ထွက်လာခဲ့ပါတယ်။

Oppo ဟာ သူတို့ရဲ့လူကြိုက်များနေတဲ့ Reno စမတ်ဖုန်းထုတ်ကုန်လိုင်းအတွက် အဖွဲ့ဝင်သစ် Reno3 ကိုလည်း ColorOS 7 မိတ်ဆက်ပွဲမှာပဲ Tease လုပ်လာခဲ့ပါတယ်။ Reno3 ဟာ ColorOS 7 နဲ့ထွက်ရှိလာမယ့် ပထမဆုံးဟန်းဆက်ပါ။ သူ့မှာ 5G Dual-mode ပါဝင်ပြီး ဒီဇင်ဘာလထဲမှာပဲ ရောက်ရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena