OPPO ဟာ ယခင်တုန်းကတည်းက Periscope Camera Sensor ပိုင်းကို Reno 10x Zoom လိုမျိုး စမတ်ဖုန်းတွေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခုလည်း မကြာခင်မှာ Zoom ပိုင်းမှာပိုကောင်းတဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်တော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Next Generation Periscope Camera Sensor အသစ်ကို တရားဝင်မိတ်ဆက်လိုက်တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ Periscope Sensor အသစ်ဟာ Megapixel အနေနဲ့ 32MP ရှိမှာဖြစ်ပြီး လက်ရှိ Flagship ဖုန်းတွေမှာ အသုံးပြုနေတဲ့ Periscope Sensor တွေထက် Megapixel ပိုင်းမှာ သာလွန်မှာဖြစ်ပါတယ်။

Specification ပိုင်းအနေနဲ့ကတော့ Focal Length အနေနဲ့ 85mm ကနေ 135mm အထိရှိနေမှာဖြစ်ပြီး Aperture အနေနဲ့လည်း f3.3 ကနေ Maximum Zoon မှာဆိုရင် f4.4 ရှိမယ်လို့ သိရပါတယ်။ အဆိုပါ Zoom Range အကုန်လုံးမှာ Autofocus နဲ့ Optical Image Stabilization ကို Support ပြုလုပ်နိုင်ဖို့အတွက် 16-bit High Precision Driver IC ကိုပါထည့်သွင်းထားမှာလည်းဖြစ်ပါတယ်။

ယခု 32MP Quad Bayer Sensor ဟာ Optical Zoom အနေနဲ့ 3.3x ကနေ 5.2x အထိ စိတ်ကြိုက်ပြောင်းလဲနိုင်တာက အားသာချက်တစ်ခုဖြစ်နေမှာဖြစ်သလို Digital Hybrid Zoom အနေနဲ့လည်း 11x Zoom (280mm) အထိကို အသုံးပြုနိုင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ လာမယ့်လပိုင်းအတွင်းမှာ Reno Series Flagship ဖုန်းအသစ်အနေနဲ့ ယခု Periscope Camera ကို အသုံးပြုလာဖို့များနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထွက်ရှိခဲ့တဲ့သတင်းတွေအရတော့ 6.5″ 90Hz AMOLED Display ၊ 5G Support အပြင် 125W Fast Charging ကို Support ပြုလုပ်လာနိုင်တဲ့ 3945mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena