[Zawgyi]

Full Screen Smartphone မ်ားကို ဖန္တီးဖို႔အတြက္ ဖုန္း ကုမၸဏီမ်ားက Notch မ်ား၊ Pop-up Camera နဲ႔ Punch Hole Camera မ်ားကို ဖန္တီးလာၾကပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာမ်ားကို ျမင္ခဲ့ၾကရၿပီးပါၿပီ။ အခုေတာ့ ဆဲလ္ဖီး ကင္မရာ အလွည့္ပါ။ OPPO က Display Notch , Pop-up Selfie Cameras မ်ားကို ဖန္တီး၍ မ်က္ႏွာျပင္ အျပည့္ စမတ္ဖုန္းမ်ားကို ထုတ္လုပ္ခဲ့ၿပီးပါၿပီ။ အခုေတာ့ OPPO က ကမာၻ႕ပထမဆံုး မ်က္ႏွာျပင္ေအာက္ Selfie Camera ကို ျပသလိုက္ပါတယ္။

အလင္းတန္းက ကင္မရာထံ ေရာက္ရွိႏိုင္ေအာင္ အဆင့္ျမွင့္ထားတဲ့ Pixel တည္ေဆာက္ပံုနဲ႔ အလုပ္လုပ္မယ့္ ေဖာက္ထြင္းျမင္ရတဲ့ ျဒပ္ထုကို မ်က္ႏွာျပင္မွာ အသံုးျပဳထားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ အဲဒီ ဆန္ဆာဟာ အျခား ဆဲလ္ဖီး ကင္မရာမ်ားထက္ ပိုႀကီးၿပီး အေရွ႕ဘက္မွာ ပိုက်ယ္တဲ့ Aperture Lens ကို ထည့္သြင္းထားပါတယ္။ ကင္မရာရဲ႕ အထက္မွ စကရင္ဧရိယာကို သာမာန္အတိုင္း လက္နဲ႔ ထိေတြ႕ အသံုးျပဳႏုိင္ပါတယ္။ OPPO က မ်က္ႏွာျပင္ အရည္အေသြးကို မထိခိုက္ေစဘူးလို႔ ေျပာပါတယ္။

 

OPPO က ကင္မရာ အထက္မွာ စကရင္ ရွိတဲ့အတြက္ ဓါတ္ပံု အရည္အေသြး အနည္းငယ္ က်ဆင္းႏိုင္တယ္လို႔ ေျပာထားပါတယ္။ ကုမၸဏီက ဒီျပႆနာကို ေျဖရွင္းဖို႔ ဟာ့ဒ္၀ဲမွာ Algorithm ထည့္သြင္းထားၿပီး အျခား စြမ္းရည္ျမင့္ ဖုန္းမ်ားရဲ႕ အရည္အေသြးကို ယွဥ္ႏုိင္တယ္လို႔ ေျပာပါတယ္။ ဒါကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

မ်က္ႏွာျပင္ေအာက္ ကင္မရာ ပါတဲ့ ဖုန္းကို မၾကာခင္မွာ ေၾကညာမယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ကုမၸဏီဟာ တကယ့္ထုတ္ကုန္ အျဖစ္ မေရာင္းခင္ ျပပြဲမ်ားမွာ ဆန္းျပားတဲ့ နည္းပညာ အသစ္ကို ခ်ျပေလ့ရွိပါတယ္။ Periscope Zoom Lens ပါတဲ့ လက္ရွိ Reno Phone မ်ားကိုလည္း ဒီအတိုင္း ျပသခဲ့တာပါ။

Ref : theverge

[Unicode]

OPPO က ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် Selfie Camera ကို ပြသ

Full Screen Smartphone များကို ဖန်တီးဖို့အတွက် ဖုန်း ကုမ္ပဏီများက Notch များ၊ Pop-up Camera နဲ့ Punch Hole Camera များကို ဖန်တီးလာကြပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာများကို မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ ဆဲလ်ဖီး ကင်မရာ အလှည့်ပါ။ OPPO က Display Notch , Pop-up Selfie Cameras များကို ဖန်တီး၍ မျက်နှာပြင် အပြည့် စမတ်ဖုန်းများကို ထုတ်လုပ်ခဲ့ပြီးပါပြီ။ အခုတော့ OPPO က ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် Selfie Camera ကို ပြသလိုက်ပါတယ်။

အလင်းတန်းက ကင်မရာထံ ရောက်ရှိနိုင်အောင် အဆင့်မြှင့်ထားတဲ့ Pixel တည်ဆောက်ပုံနဲ့ အလုပ်လုပ်မယ့် ဖောက်ထွင်းမြင်ရတဲ့ ဒြပ်ထုကို မျက်နှာပြင်မှာ အသုံးပြုထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီ ဆန်ဆာဟာ အခြား ဆဲလ်ဖီး ကင်မရာများထက် ပိုကြီးပြီး အရှေ့ဘက်မှာ ပိုကျယ်တဲ့ Aperture Lens ကို ထည့်သွင်းထားပါတယ်။ ကင်မရာရဲ့ အထက်မှ စကရင်ဧရိယာကို သာမာန်အတိုင်း လက်နဲ့ ထိတွေ့ အသုံးပြုနိုင်ပါတယ်။ OPPO က မျက်နှာပြင် အရည်အသွေးကို မထိခိုက်စေဘူးလို့ ပြောပါတယ်။

 

OPPO က ကင်မရာ အထက်မှာ စကရင် ရှိတဲ့အတွက် ဓါတ်ပုံ အရည်အသွေး အနည်းငယ် ကျဆင်းနိုင်တယ်လို့ ပြောထားပါတယ်။ ကုမ္ပဏီက ဒီပြဿနာကို ဖြေရှင်းဖို့ ဟာ့ဒ်ဝဲမှာ Algorithm ထည့်သွင်းထားပြီး အခြား စွမ်းရည်မြင့် ဖုန်းများရဲ့ အရည်အသွေးကို ယှဉ်နိုင်တယ်လို့ ပြောပါတယ်။ ဒါကိုတော့ စောင့်ကြည့်ရဦးမှာပါ။

မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ဖုန်းကို မကြာခင်မှာ ကြေညာမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီဟာ တကယ့်ထုတ်ကုန် အဖြစ် မရောင်းခင် ပြပွဲများမှာ ဆန်းပြားတဲ့ နည်းပညာ အသစ်ကို ချပြလေ့ရှိပါတယ်။ Periscope Zoom Lens ပါတဲ့ လက်ရှိ Reno Phone များကိုလည်း ဒီအတိုင်း ပြသခဲ့တာပါ။

Ref : theverge