[Zawgyi]










[Unicode]

OPPO မှ ဖန်တီးမှုအသစ်ဖြစ်သောကမ္ဘာ့ပထမဆုံး Under-Screen Camera ကို ရှန်ဟိုင်းတွင်ကျင်းပသော MWC 2019 တွင် စတင်ပွဲထုတ်

ဆန်းသစ်သော တီထွင်ဖန်တီးမှုများကို အစဉ်အမြဲပြုလုပ်ပေးလျက်ရှိသော OPPO သည် ရှန်ဟိုင်းတွင်ကျင်းပသော MWC ပွဲတွင် အမှန်တကယ် မျက်နှာပြင်ပြည့် ခံစားမှုရသကို ရရှိစေမည့် တီထွင်မှုအားကောင်းသော နည်းပညာအသစ်အဆန်းတစ်ခုဖြစ်သည့် Under-Screen Camera (USC) နည်းပညာကို စတင်ပွဲထုတ်လိုက်ပြီ ဖြစ်သည်။

OPPO ၏ Product Manager Mr. Qiao Jiadong မှ “OPPO ဟာ အသုံးပြုသူများအတွက် ပိုမိုထဲထဲဝင်ဝင်ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်မယ့် ထုတ်ကုန်တွေနဲ့ နည်းပညာအသစ်အဆန်းဖန်တီးမှုများကို ပြုလုပ်မည်ဟု အခိုင်အမာပြောကြားထားသည့်အတိုင်း USC နည်းပညာကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ နည်းပညာနယ်ပယ်တိုးတက်မှုတစ်ခုဖြစ်တဲ့ USCကို ကျွန်တော်တို့ OPPOသည် အနာဂတ်တွင် အစမှသည် လက်တွေ့အကောင်အထည်ပေါ်လာသည်အထိ လုပ်ဆောင်သွားမည်ဟု မျှော်လင့်ထားပါတယ်။ ဒါ့အပြင် ယခုကဲ့သို့ ကျွန်တော်တို့ရဲ့ နည်းပညာ တီထွင်မှုတွေ စိတ်ကူးစိတ်သန်းတွေကို ချဲ့ထွင်လိုက်ခြင်းဟာ အနာဂတ်အတွက် ဖြစ်နိုင်ချေများကို ဖွင့်လှစ်ပြသ လိုက်ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

OPPO မှ ပိုမိုကောင်းမွန်သော မျက်နှာပြင်ပြည့် ခံစားမှုကို ပေးစွမ်းမည့် Under-Screen Camera ကို ပထမဆုံး ပွဲဦးထွက်ပြသ

USC သည် OPPO ၏ နောက်ထွက်လာမည့် စမတ်ဖုန်းများတွင် ပါဝင်လာမည့် နောက်ဆုံးပေါ် တီထွင်ဖန်တီးမှု အသစ်တစ်ခုဖြစ်ပါသည်။ အရှေ့ဘက် ကင်မရာနှင့် screen ကိုပေါင်းစပ်လိုက်ခြင်းဖြင့် USC သည် အသုံးပြုသူများအတွက် ပြည့်ဝသည့်အမြင်၊ ပြီးပြည့်စုံသည့် screen နှင့် ဘက်ပေါင်းစုံမှ ပေါင်းစပ်မှုကောင်းမွန်သော ကိုယ်ထည်ကို ရရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် အသုံးပြုသူများသည် မျက်နှာပြင်ပြည့် screen ပေါ်တွင် ဓာတ်ပုံရိုက်ကူးခြင်း face unlock နှင့် video calls ခေါ်ဆိုခြင်းများကိုပါပြုလုပ်နိုင်မည် ဖြစ်ပါသည်။

OPPO ၏ နောက်ဆုံးပေါ် under-screen camera နည်းပညာတွင် အလင်းအားကို ပိုမိုဖမ်းယူနိုင်သော ကင်မရာအစိတ်အပိုင်းတစ်ခု သာမက screen ပေါ်တွင် ဇုန်အလိုက်ခွဲခြားပေးခြင်းနှင့်အတူ screen ကိုဖြတ်၍ အလင်းတန်းကို ကင်မရာထံရောက်ရှိနိုင်အောင် မြင့်မားစွာ ဖောက်ထွင်းမြင်နိုင်သော ဒြပ်ထုကို အသုံးပြုထားပါသည်။ ထို့အပြင် OPPO ၏ စိတ်ကြိုက်လုပ်ဆောင်ပေးသောစနစ်၊ မှုန်ဝါးနေသောအရာများကိုဖယ်ရှားပေးသော စနစ်နှင့် white balance စနစ်တို့ကြောင့် ပြည့်စုံသည့် ဓာတ်ပုံရိုက်ခြင်းအတွေ့အကြုံကို ခံစားနိုင်မည့် အပြင် smart beauty mode နှင့် photo filers များလည်း နောက်ထွက်ရှိလာမည့် စမတ်ဖုန်းများတွင် ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

OPPO ၏ Product Manager Mr. Qiao Jiadong မှ USC နည်းပညာ၏ တီထွင်ဆန်းသစ်မှုကို ယခုကဲ့သို့အတည်ပြုပြောကြားသွားခဲ့သည်။ “စမတ်ဖုန်းများဟာ ပိုမိုအသုံးကျပြီး အရေးပါသည့် အခန်းဏ္ဍတွင် ပါဝင်လာသည့်အပြင် အသုံးပြုသူများဘက်ကလည်း မြင့်မားတဲ့ လိုအပ်ချက်တွေနဲ့ screen ကြည့်ရှုရာမှာ ပိုမိုကျယ်ပြန့်စွာကြည့်ရှုနိုင်တဲ့ ခံစားမှုကို တောင်းဆိုလာကြပါတယ်။ water drop screen မှသည် pivot တည်ဆောက်ပုံ၊ ထိုမှတစ်ဆင့် ယနေ့မိတ်ဆက်ပေးခဲ့တဲ့ USC နည်းပညာအထိ OPPO သည် ပိုမိုပါးလွှာပေါ့ပါးသည့် မျက်နှာပြင်ပြည့် screen ကို ရရှိနိုင်ရန် အကောင်းဆုံး ဟန်ချက်ညီစွာလုပ်ဆောင်ထားပါတယ်။ OPPO မှ ဒီUSCနည်းပညာကို ထုတ်ဖော်နိုင်လိုက်ခြင်းအားဖြင့်အသုံးပြုသူတွေအတွက် အမှန်တကယ် မျက်နှာပြင်ပြည့် screen ကို ထောက်ပံ့ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု Mr. Qiao Jiadong ကပြောကြားသည်။

 

OPPO မှ 5G+ intelligent connectivity ထည့်သွင်းပေးထားသော 5G နှင့် IoT အိမ်သုံးဆောင် ပစ္စည်းများ ပွဲထုတ်လာ

ထိုတီထွင်ဆန်းသစ်သော USC နည်းပညာကို မိတ်ဆက်ပေးရုံသာမက OPPO သည် နောက်ဆုံးပေါ် အောင်မြင်မှုတစ်ခုဖြစ်သော 5G နှင့် IoT အိမ်သုံးဆောင် ပစ္စည်းများကိုပါ ခင်းကျင်းပြသခဲ့ပါသည်။ OPPO Reno 5G သုံးစွဲသူများသည် cloud ထဲတွင်ရှိသော ဂိမ်းများကို ကောင်းမွန်စွာ ကစားနိုင်သည့်အတွက်ကြောင့် ပိုမိုကောင်းမွန်သော cloud ဂိမ်းကစားမှုအတွေ့အကြုံကိုရရှိစေမှာ ဖြစ်သည်။ IoT Smart Home Zone တွင် brand မျိုးစုံမှ devices ပေါင်း ၂၆၀ ပါဝင်သည့် အမျိုးအစားပေါင်း ၂၀ကျော်ဖွင့်လှစ်၍ ပြသခဲ့သည်။

OPPO သည် အသုံးပြုသူများ၏ လိုအပ်ချက်များနှင့် နည်းပညာအသစ်အဆန်းများကို ပေါင်းစပ်ရုံသာမက R&D တီထွင်မှုများကို ဆက်လက်လုပ်ဆောင်ခြင်းဖြင့် ကောင်းမွန်သည့် အသုံးပြုမှု အတွေ့အကြုံများကို ဖန်တီးပေးသွားမည် ဖြစ်သည်။ ရှန်ဟိုင်းတွင်ကျင်းပသော MWC 2019 ပွဲတွင် OPPO မှ စမတ်ဖုန်းလောကတွင် ထိုးဖောက်ကျော်လွှား နိုင်မည့် နည်းပညာအသစ်များကို ပြသလိုက်ပြီဖြစ်ပါသည်။ OPPO သည် ဆန်းသစ်သော 5G အတွေ့အကြုံများကို အသုံးပြုသူများထံ မကြာခင်ကာ သယ်ဆောင်လာခဲ့ပြီး ဖြစ်ပြီး အနာဂတ်တွင် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်သော 5G+ ဆက်သွယ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။