Unicode

Apple iPhone အပါအဝင် iDevice တွေကို အသုံးပြုနေတယ်ဆိုရင် Device အချင်းချင်း File Transfer ပြုလုပ်နိုင်တဲ့ AirDrop Feature ကို ရင်းနှီးပြီးဖြစ်မှာပါ။ Android Device တွေမှာတော့ အဲ့လိုမျိုး System Feature တစ်ခုမရှိတဲ့အတွက် Third-party App သို့မဟုတ် Bluetooth ကိုပဲ အသုံးပြုပြီး File Sharing ပြုလုပ်နိုင်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါက နောက်လဆိုရင် ပြောင်းလဲသွားတော့မှာပါ။ ဘာကြောင့်လဲဆိုရင် လက်ရှိမှာ နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ OPPO ၊ Vivo နဲ့ Xiaomi တို့ကနေ ဒီလိုမျိုး ဖုန်းအချင်းချင်း Wi-Fi ကနေ File Transfer ပြုလုပ်ဖို့အတွက် Peer-to-Peer Transmission Alliance ကို တည်ထောင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီ Alliance ကနေ Seamless Cross-brand File Transfer နည်းပညာကို ဆောင်ရွက်သွားမှာဖြစ်ပြီး Pairing ပြုလုပ်ဖို့အတွက် Bluetooth နဲ့ File Transfer ပြုလုပ်တဲ့နေရာမှာတော့ Wi-Fi ကို အသုံးပြုသွားမှာပါ။ ဒီနည်းပညာဟာ အသုံးပြုနေတုန်းမှာလည်း Wi-Fi Network ကိုချိတ်ဆက်ထားနိုင်သလို ပျှမ်းမျှ Transfer Speed အနေနဲ့ 20MB/s ဝန်းကျင်ရရှိမယ်လို့ ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဒီ File Transfer နည်းပညာအသစ်ရဲ့ နာမည်ကို ဖော်ပြခြင်းမရှိသေးပေမယ့် လာမယ့် ဖေဖော်ဝါရီလမှာ စတင်ပြီး အသုံးပြုနိုင်မယ်ဆိုတာကိုတော့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီအတွက် နောက်လမှာ OPPO ၊ Vivo နဲ့ Xiaomi ဖုန်းအသုံးပြုသူတွေအနေနဲ့ File Sharing ကို အလွယ်တကူဆောင်ရွက်နိုင်တော့မှာပါ။

အခုအချိန်မှာတော့ ဒီ Peer-to-Peer Transmission Alliance မှာ OPPO ၊ Vivo နဲ့ Xiaomi ပဲ ပါဝင်နေသေးပေမယ့် နောက်ပိုင်းမှာ အောင်မြင်လာတယ်ဆိုရင် OnePlus ၊ Realme ၊ Huawei နဲ့ Samsung လိုမျိုး ကုမ္ပဏီတွေကပါ ပါဝင်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Android Device တွေအနေနဲ့လည်း Apple AirDrop နဲ့ ယှဥ်ပြိုင်နိုင်တဲ့ Feature ကို မကြာခင်မှာရရှိလာတော့မှာပါ။

Ref – Phone Arena

Zawgyi

Apple iPhone အပါအဝင္ iDevice ေတြကို အသုံးျပဳေနတယ္ဆိုရင္ Device အခ်င္းခ်င္း File Transfer ျပဳလုပ္ႏိုင္တဲ့ AirDrop Feature ကို ရင္းႏွီးၿပီးျဖစ္မွာပါ။ Android Device ေတြမွာေတာ့ အဲ့လိုမ်ိဳး System Feature တစ္ခုမရွိတဲ့အတြက္ Third-party App သို႔မဟုတ္ Bluetooth ကိုပဲ အသုံးျပဳၿပီး File Sharing ျပဳလုပ္ႏိုင္တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒါက ေနာက္လဆိုရင္ ေျပာင္းလဲသြားေတာ့မွာပါ။ ဘာေၾကာင့္လဲဆိုရင္ လက္ရွိမွာ နာမည္ႀကီး စမတ္ဖုန္းထုတ္လုပ္သူေတြျဖစ္တဲ့ OPPO ၊ Vivo နဲ႔ Xiaomi တို႔ကေန ဒီလိုမ်ိဳး ဖုန္းအခ်င္းခ်င္း Wi-Fi ကေန File Transfer ျပဳလုပ္ဖို႔အတြက္ Peer-to-Peer Transmission Alliance ကို တည္ေထာင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ဒီ Alliance ကေန Seamless Cross-brand File Transfer နည္းပညာကို ေဆာင္႐ြက္သြားမွာျဖစ္ၿပီး Pairing ျပဳလုပ္ဖို႔အတြက္ Bluetooth နဲ႔ File Transfer ျပဳလုပ္တဲ့ေနရာမွာေတာ့ Wi-Fi ကို အသုံးျပဳသြားမွာပါ။ ဒီနည္းပညာဟာ အသုံးျပဳေနတုန္းမွာလည္း Wi-Fi Network ကိုခ်ိတ္ဆက္ထားႏိုင္သလို ပွ်မ္းမွ် Transfer Speed အေနနဲ႔ 20MB/s ဝန္းက်င္ရရွိမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေလာေလာဆယ္မွာေတာ့ ဒီ File Transfer နည္းပညာအသစ္ရဲ႕ နာမည္ကို ေဖာ္ျပျခင္းမရွိေသးေပမယ့္ လာမယ့္ ေဖေဖာ္ဝါရီလမွာ စတင္ၿပီး အသုံးျပဳႏိုင္မယ္ဆိုတာကိုေတာ့ ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။ အဲ့ဒီအတြက္ ေနာက္လမွာ OPPO ၊ Vivo နဲ႔ Xiaomi ဖုန္းအသုံးျပဳသူေတြအေနနဲ႔ File Sharing ကို အလြယ္တကူေဆာင္႐ြက္ႏိုင္ေတာ့မွာပါ။

အခုအခ်ိန္မွာေတာ့ ဒီ Peer-to-Peer Transmission Alliance မွာ OPPO ၊ Vivo နဲ႔ Xiaomi ပဲ ပါဝင္ေနေသးေပမယ့္ ေနာက္ပိုင္းမွာ ေအာင္ျမင္လာတယ္ဆိုရင္ OnePlus ၊ Realme ၊ Huawei နဲ႔ Samsung လိုမ်ိဳး ကုမၸဏီေတြကပါ ပါဝင္လာႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ Android Device ေတြအေနနဲ႔လည္း Apple AirDrop နဲ႔ ယွဥ္ၿပိဳင္ႏိုင္တဲ့ Feature ကို မၾကာခင္မွာရရွိလာေတာ့မွာပါ။

Ref – Phone Arena