Unicode

ဆဲလ်ဖီကင်မရာနဲ့ Display အပြည့်အဝမြင်ရရေး ပြဿနာဟာ အခုဆိုရင် တော်တော်လေး အချိန်ကြာမြင့်နေခဲ့ပြီး တော်တော်များများက Display မျက်နှာပြင်အောက်မှာ ကင်မရာကို မမြင်ရအောင် ထည့်လာတဲ့ နည်းပညာကို ဖြေရှင်းချက် အဖြစ် စောင့်စားနေခဲ့ကြပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီ Oppo ဟာ ၂၀၁၉ ဇွန်လမှာ ပထမဆုံး Prototype ကိုပြသခဲ့ပြီး ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ Inno Day 2019 မှာတုန်းက တက်ရောက်လာသူတွေကိုပါ စမ်းသပ်စေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မကြာခင် ထွက်လာမယ့် Find X2 Flagship စမတ်ဖုန်းသစ်မှာ ဒီနည်းပညာကို မြင်ရမယ်လို့ ယူဆခဲ့ကြတာပါ။

ဒါပေမယ့် ကုမ္ပဏီရဲ့ အကြီးအကဲ Brian Shen ကတော့ ဒီနည်းပညာဟာ ဈေးကွက်ဝင်အမြောက်အများထုတ်လုပ်ဖို့ အဆင်မပြေသေးဘူး ဟုဆိုကာ စောင့်မျှော်နေသူတွေရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးခဲ့ပါတယ်။ သူ့ရဲ့ထုတ်ပြန်ချက်ဟာ Oppo Find X2 စမတ်ဖုန်းမှာ အထက်ပါ အကြောင်းပြချက်ကြောင့် Under-display ကင်မရာပါမှာ မဟုတ်ကြောင်း သေသေချာချာဖော်ပြခဲ့တာပါ။

ဒီထုတ်လုပ်မှုဟာ အရင်ထုတ်လုပ်မှုတွေလိုမဟုတ်ဘဲ သီးသန့်အထူး Display နဲ့ Camera Module နှစ်ခုလုံး ထုတ်လုပ်ရမှာဖြစ်တာကြောင့် ပိုမိုခက်ခဲတာ နားလည်ပေးနိုင်စရာပါပဲ။ Display ရဲ့အပေါ်ဘက်က ဆဲလ်ဖီကင်မရာပါဝင်မယ့် နေရာမှာ ဖောက်ထွင်းမြင်နိုင်မှုမြင့်မားတဲ့ အရာဝတ္ထုကို အသုံးပြုရမှာဖြစ်ပြီး ကင်မရာ Sensor ပေါ်ကို အလင်းဖြတ်ခွင့် ပေးနိုင်ဖို့ Pixel Structure ကိုပါ ဒီဇိုင်းပြန်ပြောင်းရမှာပါ။

ဒါ့အပြင် ဆဲလ်ဖီကင်မရာတွေရဲ့ အရည်အသွေးလိုအပ်ချက် မြင့်တက်လာတဲ့ အခုချိန်မှာ UD ကင်မရာတွေကို အသုံးပြုလာရင် ပုံရိပ်အရည်အသွေးကျဆင်းမယ့် အန္တရာယ်ကိုလည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ လောလောဆယ်တော့ အားလုံးစောင့်မျှော်နေသလို Oppo Find X2 မှာ ဒါကို မမြင်ရသေးဘဲ နောက်ထွက်မယ့် Flagship တွေကို ထပ်စောင့်ရဦးမှာပါ။

Ref – GSM Arena

Zawgyi

ဆဲလ္ဖီကင္မရာနဲ႔ Display အျပည့္အဝျမင္ရေရး ျပႆနာဟာ အခုဆုိရင္ ေတာ္ေတာ္ေလး အခ်ိန္ၾကာျမင့္ေနခဲ့ၿပီး ေတာ္ေတာ္မ်ားမ်ားက Display မ်က္ႏွာျပင္ေအာက္မွာ ကင္မရာကို မျမင္ရေအာင္ ထည့္လာတဲ့ နည္းပညာကို ေျဖရွင္းခ်က္ အျဖစ္ ေစာင့္စားေနခဲ့ၾကပါတယ္။

တရုတ္အေျခစုိက္ကုမၸဏီ Oppo ဟာ ၂၀၁၉ ဇြန္လမွာ ပထမဆုံး Prototype ကိုျပသခဲ့ၿပီး ဒီဇင္ဘာလမွာ က်င္းပခဲ့တဲ့ Inno Day 2019 မွာတုန္းက တက္ေရာက္လာသူေတြကိုပါ စမ္းသပ္ေစခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း မၾကာခင္ ထြက္လာမယ့္ Find X2 Flagship စမတ္ဖုန္းသစ္မွာ ဒီနည္းပညာကို ျမင္ရမယ္လို႔ ယူဆခဲ့ၾကတာပါ။

ဒါေပမယ့္ ကုမၸဏီရဲ႕ အႀကီးအကဲ Brian Shen ကေတာ့ ဒီနည္းပညာဟာ ေစ်းကြက္ဝင္အေျမာက္အမ်ားထုတ္လုပ္ဖို႔ အဆင္မေျပေသးဘူး ဟုဆုိကာ ေစာင့္ေမွ်ာ္ေနသူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကို ဖ်က္ဆီးခဲ့ပါတယ္။ သူ႕ရဲ႕ထုတ္ျပန္ခ်က္ဟာ Oppo Find X2 စမတ္ဖုန္းမွာ အထက္ပါ အေၾကာင္းျပခ်က္ေၾကာင့္ Under-display ကင္မရာပါမွာ မဟုတ္ေၾကာင္း ေသေသခ်ာခ်ာေဖာ္ျပခဲ့တာပါ။

ဒီထုတ္လုပ္မႈဟာ အရင္ထုတ္လုပ္မႈေတြလိုမဟုတ္ဘဲ သီးသန္႔အထူး Display နဲ႔ Camera Module ႏွစ္ခုလုံး ထုတ္လုပ္ရမွာျဖစ္တာေၾကာင့္ ပိုမုိခက္ခဲတာ နားလည္ေပးႏုိင္စရာပါပဲ။ Display ရဲ႕အေပၚဘက္က ဆဲလ္ဖီကင္မရာပါဝင္မယ့္ ေနရာမွာ ေဖာက္ထြင္းျမင္ႏုိင္မႈျမင့္မားတဲ့ အရာဝတၳဳကို အသုံးျပဳရမွာျဖစ္ၿပီး ကင္မရာ Sensor ေပၚကို အလင္းျဖတ္ခြင့္ ေပးႏုိင္ဖို႔ Pixel Structure ကိုပါ ဒီဇုိင္းျပန္ေျပာင္းရမွာပါ။

ဒါ့အျပင္ ဆဲလ္ဖီကင္မရာေတြရဲ႕ အရည္အေသြးလိုအပ္ခ်က္ ျမင့္တက္လာတဲ့ အခုခ်ိန္မွာ UD ကင္မရာေတြကို အသုံးျပဳလာရင္ ပုံရိပ္အရည္အေသြးက်ဆင္းမယ့္ အႏၱရာယ္ကိုလည္း ရင္ဆုိင္ရဦးမွာျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ အားလုံးေစာင့္ေမွ်ာ္ေနသလို Oppo Find X2 မွာ ဒါကို မျမင္ရေသးဘဲ ေနာက္ထြက္မယ့္ Flagship ေတြကို ထပ္ေစာင့္ရဦးမွာပါ။

Ref – GSM Arena