ဒီနေ့ခေတ် စမတ်နာရီတွေဟာ ECG ပါဝင်တာကလည်း ကြီးမားတဲ့ တောင်းဆိုချက်တစ်ခုလို ဖြစ်နေပါပြီ။ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်မှာ ECG အထောက်အပံ့ ထည့်သွင်းပြီးတာနဲ့ ဈေးကွက်ထဲကို တန်းပြီးဖြန့်ချိလို့မရပါဘူး။ ဖြန့်ချိမယ့် ဈေးကွက်၊ နိုင်ငံရဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်ရဖို့ လိုပါသေးတယ်။

OPPO Watch ဟာ မဖြန့်ချိခင်တုန်းက ECG ပါဝင်မယ်လို့ ကြေညာခဲ့ပေမယ့်၊ တကယ်တမ်းဈေးကွက်ထဲရောက်လာတော့ ဒီ Feature ပါဝင်လာခြင်း မရှိပါဘူး။ အခုတော့ OPPO Watch ECG ဗားရှင်းကို လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိတော့မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဒီကြေညာချက်ကို OPPO ရဲ့ တရားဝင် Weibo အကောင့်ကတစ်ဆင့် မျှဝေခဲ့တာဖြစ်ပါတယ်။ အမျိုးသားစားနပ်ရိက္ခာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနက OPPO ရဲ့ ထုတ်ကုန်ကို Class II ဆေးဘက်ဆိုင်ရာကိရိယာအဖြစ် အသိအမှတ်ပြုထားကြောင်း ကုမ္ပဏီက ဆိုပါတယ်။ ဒါ့အပြင် US FDA ကလည်း ဒီစမတ်နာရီကို အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

OPPO Watch ECG ဗားရှင်းဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းချခဲ့တဲ့ 46mm stainless steel ဗားရှင်းနဲ့ အတူတူပဲ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် Stainless steel case, ceramic shell နဲ့ sapphire glass စတာတွေလည်း ရှိလာမယ်လို့ ယုံကြည်ရပါတယ်။ မျက်နှာပြင်ကလည်း Flexible AMOLED ဖြစ်ပြီး Snapdragon Wear 3100 နဲ့ Apollo 3 လို့ခေါ်တဲ့ Low-power chip နဲ့ ဖြစ်ပါတယ်။ (တရုတ်ဗားရှင်းမှာတော့ Snapdragon Wear 2500 သုံးထားပါတယ်။)

1GB RAM နဲ့ 8GB Storage ရှိပြီး 2.4GHz Wi-Fi, Bluetooth 4.2, GPS နဲ့ NFC အထောက်အပံ့တွေလည်း ပါဝင်ပါတယ်။ 430mAh ဘက်ထရီဖြစ်ပြီး Watch VOOC Flash Charge လည်း ထောက်ပံ့ထားပါသေးတယ်။ ECG ဗားရှင်းဟာ အနည်းဆုံးတော့ $399 (၅ သိန်း ၂သောင်းခွဲဝန်းကျင်) က စတင်မယ်လို့ ယူဆရပါတယ်။

Ref: Gizmochina