[Zawgyi]
[Unicode]
WhistleOut မှပေးအပ်သော ၂၀၁၉ခုနှစ်အတွက် အကောင်းဆုံး Phone Manufacturer ဆုနှင့် Phone Design ဆုကို ရရှိခဲ့တဲ့ OPPO
OPPO ဟာ သြစတေးလျမှာရှိတဲ့ စမတ်ဖုန်း comparison site တစ်ခုဖြစ်တဲ့ WhistleOut မှ တရားဝင်အသိအမှတ်ပြုပေးအပ်တဲ့ ၂၀၁၉ခုနှစ်အတွက် အကောင်းဆုံး Phone Manufacturer ဆုကို သိမ်းပိုက်နိုင်ခဲ့သလို ၂၀၁၉ခုနှစ်ရဲ့ အကောင်းဆုံး Phone Design ဆုကိုလည်း OPPO Reno 5G ဖြင့် ရရှိခဲ့ပါတယ်။
WhistleOut Awards ဆိုတာ သြစတေးလျမှာရှိတဲ့ စမတ်ဖုန်းချစ်သူတွေအတွက် အကောင်းဆုံးသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနဲ့ အစီအစဉ်များကို အစဉ်အမြဲထောက်ပံ့ပေးနေတဲ့ စမတ်ဖုန်းဈေးကွက်အတွင်းမှာရှိတဲ့ ကုမ္ပဏီများထဲမှ အသိအမှတ်ပြုပေးအပ်သောဆု ဖြစ်ပါတယ်။ ဒီနှစ်အတွက် WhistleOut Phone Awards ကို ဈေးနှုန်း၊ စွမ်းဆောင်ရည်၊ ဘက်ထရီ၊ Screen၊ ကင်မရာ၊ ဒီဇိုင်းနဲ့ စမတ်ဖုန်း အသုံးပြုသူတွေရဲ့ ဖုန်းအသုံးပြုရတဲ့ ခံစားမှုအတွေ့အကြုံများကို လေ့လာသုံးသပ်သောအဖွဲ့ကနေ ၂၀၁၉ခုနှစ်အတွက် အကောင်းဆုံးသော စမတ်ဖုန်းများနဲ့ ဖုန်းထုတ်လုပ်သူများကိုရွေးချယ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
WhistleOut ရဲ့ မန်နေဂျင်းအယ်ဒီတာ Alex Choros က “OPPO ဟာ စမတ်ဖုန်းဈေးကွက်ကို ပြောင်းလဲပြီး သြစတေးလျမှာရှိတဲ့ စမတ်ဖုန်း အသုံးပြုသူတွေအတွက် တစ်မူထူးခြားဆန်းသစ်သော အရာများကို အမှန်တကယ်သယ်ဆောင်လာမယ်လို့ ယုံကြည်ပါတယ်။ OPPO ဟာ စမတ်ဖုန်းဈေးကွက်မှာရှိတဲ့ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့မတူပဲ ကိုယ်ပိုင်ဟန်တစ်ခုကို ဖော်ဆောင်ထားနိုင်ခဲ့ပြီး ၁၂လအတွင်း အကောင်းဆုံးတိုးတက်လာခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။
သြစတေးလျ OPPO ရဲ့ မန်နေဂျင်းဒါရိုက်တာ Michael Tran က ” ကျွန်တော်တို့ OPPO ဟာစမတ်ဖုန်းတွေကို တီထွင်ဖန်တီးမှုနဲ့ ဒီဇိုင်းတွေကို သေချာအာရုံစိုက်ပြီး လုပ်ဆောင်ခဲ့တာကြောင့် သြစတေးလျမှာ ဒီလိုဆုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ရဲ့ အကောင်းဆုံးစမတ်ဖုန်းတွေထဲမှာ ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်နိုင်သူဆု ရယူနိုင်ခဲ့ခြင်းဟာ အလွန်အံ့အားသင့်စေခဲ့တဲ့ ရလဒ်တစ်ခု ဖြစ်ရုံသာမက ကျွန်တော်တို့အသင်း လုပ်ဆောင်နိုင်မှုရဲ့ သက်သေအထောက်အထားတစ်ခုလည်း ဖြစ်တဲ့အတွက် အလွန်အမင်း ဝမ်းသာဂုဏ်ယူမိပါတယ်” ဟု Mr. Tran ကပြောကြားခဲ့ပါတယ်။