Unicode

OPPO ကနေ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ Reno 3 Series စမတ်ဖုန်းတွေကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဒီတခါမှာတော့ OPPO ကနေ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Earbuds အသစ်ကိုပါ မိတ်ဆက်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

OPPO ကနေ အခုမိတ်ဆက်သွားမယ့် Earbuds အသစ်ကို Enco Free True Wireless Earbuds လို့ ခေါ်ဆိုသွားမှာဖြစ်ပြီး Apple AirPods ပုံစံ Design ပြုလုပ်ထားတာကိုလည်းတွေ့ရပါတယ်။ ဒါပေမယ့် Apple AirPods နဲ့ မတူတာကတော့ အရောင်အနေနဲ့ အဖြူရောင်အပြင် အနက်ရောင်နဲ့ ပန်းရောင်တွေကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အခု Earbuds အသစ်တွေဟ Charging Case ပါဝင်မှာဖြစ်ပြီးတော့ အဆိုပါ Charging Case မှာလည်း LED Light တစ်ခုအပြင် Pairing Button ကလည်း ဘေးဘက်မှာပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Charging Case က Wireless Charging ကို Support ပြုလုပ်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဖြစ်နိုင်တာတစ်ခုက မကြာသေးခင်တုန်းက OPPO ကနေ မိတ်ဆက်ခဲ့တဲ့ Earbuds တစ်ခုဖြစ်တဲ့ Enco Q1 လိုမျိုးပဲ Active Noise Cancellation ပါဝင်လာနိုင်ဖွယ်ရှိပြီးတော့ စျေးနှုန်းက ဘယ်လောက်ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi




ဖြစ်နိုင်တာတစ်ခုက မကြာသေးခင်တုန်းက OPPO ကနေ မိတ်ဆက်ခဲ့တဲ့ Earbuds တစ်ခုဖြစ်တဲ့ Enco Q1 လိုမျိုးပဲ Active Noise Cancellation ပါဝင်လာနိုင်ဖွယ်ရှိပြီးတော့ ဈေးနှုန်းက ဘယ်လောက်ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena