Unicode

OPPO ကနေ ၂၀၁၈ခုနှစ် ဇွန်လတုန်းက Snapdragon 845 Processor နဲ့ လုံးဝ Notch ပါဝင်ခြင်းမရှိတဲ့ Find X Flagship ဖုန်းကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Find X စမတ်ဖုန်းဟာ OPPO အတွက် မထွက်ရှိတာကြာပြီဖြစ်တဲ့ Find Series ကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပြီး အခုလည်း OPPO ကနေ Find X2 ထွက်ရှိလာဦးမယ်ဆိုတာကို အတည်ပြုလိုက်ပါပြီ။

ဒီ OPPO Find X2 စမတ်ဖုန်းဟာ လာမယ့် ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်ထဲမှာ မိတ်ဆက်လာမှာဖြစ်ပြီးတော့ Qualcomm ရဲ့ Flagship Processor ဖြစ်တဲ့ Snapdragon 865 Processor ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အဆိုပါအချိန်ဝန်းကျင်မှာမိတ်ဆက်လာနိုင်ခြေရှိတဲ့ Samsung Galaxy S11 ၊ Huawei P40 ဖုန်းတွေနဲ့ ယှဥ်ပြိုင်ရဖို့များနေပါတယ်။

OPPO ရဲ့ ပြောကြားချက်အရတော့ Find X2 မှာ Screen Display အပေါ်ကို အဓိကအာရုံစိုက်လာမှာဖြစ်ပြီး ယခင် Find X စမတ်ဖုန်းထက် ပိုကောင်းတဲ့ Resolution ၊ ပိုလျှင်မြန်တဲ့ Refresh Rate အပြင် Color ပိုင်း၊ Dynamic Range ပိုင်းမှာလည်း ပိုကောင်းအောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာကတော့ QHD+ Resolution ကိုမှ 90Hz သို့မဟုတ် 120Hz Refresh Rate နဲ့ မိတ်ဆက်လာဖို့များနေပါတယ်။ OPPO အနေနဲ့ မကြာသေးခင်ကမှ Under Display Selfie Camera နည်းပညာကို ချပြသွားခဲ့တဲ့အတွက် Find X2 မှာ Pop-up Selfie Camera အစား Under Display Selfie Camera လည်း ပါဝင်နိုင်ခြေရှိနေပါတယ်။

ဒါ့အပြင် OPPO ကနေ အဆိုပါ Find X2 စမတ်ဖုန်းဟာ Sony ရဲ့ နောက်ဆုံးမိတ်ဆက်ထားခဲ့တဲ့ All Pixel Omnidirectional PDAF နည်းပညာပါဝင်တဲ့ Camera Sensor ကိုပါ အသုံးပြုလာမယ်ဆိုပြီး အတည်ပြုသွားခဲ့ပါတယ်။ အဆိုပါ Sensor ဟာ ပုံမှန် Dual-Pixel နည်းပညာကိုမှ Vertical နဲ့ Horizontal Details တွေကိုပိုပြီး ကောင်းမွန်အောင် ဖမ်းယူနိုင်တဲ့အတွက် Camera ပိုင်းမှာလည်း Find X2 က ပြီးခဲ့တဲ့ Find X ဖုန်းထက် သိသိသာသာပိုကောင်းလာနိုင်ဖွယ်ရှိနေပါတယ်။

OPPO အနေနဲ့ ကျန်တဲ့ Find X2 နဲ့ ပတ်သတ်တဲ့သတင်းတွေကိုတော့ ပြောကြားခဲ့ခြင်းမရှိတဲ့အတွက် ကြည့်ရတာ နောက်နှစ်အစောပိုင်းလောက်မှ အသေးစိတ်သတင်းတွေသိနိုင်မယ့် ပုံစံပါပဲ။

Ref – GSM Arena

Zawgyi

OPPO ကေန ၂၀၁၈ခုႏွစ္ ဇြန္လတုန္းက Snapdragon 845 Processor နဲ႔ လုံးဝ Notch ပါဝင္ျခင္းမရွိတဲ့ Find X Flagship ဖုန္းကို မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အဆိုပါ Find X စမတ္ဖုန္းဟာ OPPO အတြက္ မထြက္ရွိတာၾကာၿပီျဖစ္တဲ့ Find Series ကို ျပန္လည္အသက္သြင္းခဲ့တာျဖစ္ၿပီး အခုလည္း OPPO ကေန Find X2 ထြက္ရွိလာဦးမယ္ဆိုတာကို အတည္ျပဳလိုက္ပါၿပီ။

ဒီ OPPO Find X2 စမတ္ဖုန္းဟာ လာမယ့္ ၂၀၂၀ ခုႏွစ္ ပထမ ၃ လပတ္ထဲမွာ မိတ္ဆက္လာမွာျဖစ္ၿပီးေတာ့ Qualcomm ရဲ႕ Flagship Processor ျဖစ္တဲ့ Snapdragon 865 Processor ကို အသုံးျပဳလာမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အဆိုပါအခ်ိန္ဝန္းက်င္မွာမိတ္ဆက္လာႏိုင္ေျခရွိတဲ့ Samsung Galaxy S11 ၊ Huawei P40 ဖုန္းေတြနဲ႔ ယွဥ္ၿပိဳင္ရဖို႔မ်ားေနပါတယ္။

OPPO ရဲ႕ ေျပာၾကားခ်က္အရေတာ့ Find X2 မွာ Screen Display အေပၚကို အဓိကအာ႐ုံစိုက္လာမွာျဖစ္ၿပီး ယခင္ Find X စမတ္ဖုန္းထက္ ပိုေကာင္းတဲ့ Resolution ၊ ပိုလွ်င္ျမန္တဲ့ Refresh Rate အျပင္ Color ပိုင္း၊ Dynamic Range ပိုင္းမွာလည္း ပိုေကာင္းေအာင္ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ ျဖစ္ႏိုင္တာကေတာ့ QHD+ Resolution ကိုမွ 90Hz သို႔မဟုတ္ 120Hz Refresh Rate နဲ႔ မိတ္ဆက္လာဖို႔မ်ားေနပါတယ္။ OPPO အေနနဲ႔ မၾကာေသးခင္ကမွ Under Display Selfie Camera နည္းပညာကို ခ်ျပသြားခဲ့တဲ့အတြက္ Find X2 မွာ Pop-up Selfie Camera အစား Under Display Selfie Camera လည္း ပါဝင္ႏိုင္ေျခရွိေနပါတယ္။

ဒါ့အျပင္ OPPO ကေန အဆိုပါ Find X2 စမတ္ဖုန္းဟာ Sony ရဲ႕ ေနာက္ဆုံးမိတ္ဆက္ထားခဲ့တဲ့ All Pixel Omnidirectional PDAF နည္းပညာပါဝင္တဲ့ Camera Sensor ကိုပါ အသုံးျပဳလာမယ္ဆိုၿပီး အတည္ျပဳသြားခဲ့ပါတယ္။ အဆိုပါ Sensor ဟာ ပုံမွန္ Dual-Pixel နည္းပညာကိုမွ Vertical နဲ႔ Horizontal Details ေတြကိုပိုၿပီး ေကာင္းမြန္ေအာင္ ဖမ္းယူႏိုင္တဲ့အတြက္ Camera ပိုင္းမွာလည္း Find X2 က ၿပီးခဲ့တဲ့ Find X ဖုန္းထက္ သိသိသာသာပိုေကာင္းလာႏိုင္ဖြယ္ရွိေနပါတယ္။

OPPO အေနနဲ႔ က်န္တဲ့ Find X2 နဲ႔ ပတ္သတ္တဲ့သတင္းေတြကိုေတာ့ ေျပာၾကားခဲ့ျခင္းမရွိတဲ့အတြက္ ၾကည့္ရတာ ေနာက္ႏွစ္အေစာပိုင္းေလာက္မွ အေသးစိတ္သတင္းေတြသိႏိုင္မယ့္ ပုံစံပါပဲ။

Ref – GSM Arena