Zawgyi

အခု ၂၀၁၉ ခုႏွစ္ဟာ စမတ္ဖုန္းထုတ္လုပ္သူေတြအတြက္ 5G ကို စတင္ၿပီးေတာ့ ေဆာင္႐ြက္ေနတဲ့ ႏွစ္တစ္ႏွစ္လည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာဆိုရင္လည္း 5G ကို အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းေတြက ေတာ္ေတာ္ေလးကို မ်ားျပားေနၿပီလို႔ေတာင္ ေျပာလို႔ရပါတယ္။

ဒါေပမယ့္ အခုအခ်ိန္အထိ 5G ကို Support လုပ္တဲ့ဖုန္းေတြက Flagship စမတ္ဖုန္းေတြပဲျဖစ္ေနေသးၿပီး Mid Range ဖုန္းေတြထဲမွာေတာ့ Galaxy A90 5G ကလြဲလို႔ တျခားေသာ ဖုန္းေတြမွာ 5G ကို အသုံးျပဳႏိုင္ျခင္းမရွိေသးပါဘူး။ ဒါက ေနာက္လာမယ့္ ၂၀၂၀ ခုႏွစ္ၾကရင္ေတာ့ ေျပာင္းလဲသြားေတာ့မွာပါ။

ဘာေၾကာင့္လဲဆိုရင္ OPPO ရဲ႕ 5G Expert တစ္ဦးျဖစ္တဲ့ Shen Jia ကေန မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ Event တစ္ခုမွာ OPPO ကေန Yuan 3,000 (သို႔) ျမန္မာေငြ ၆ သိန္းခြဲဝန္းက်င္နဲ႔အထက္ စမတ္ဖုန္းေတြအားလုံးမွာ 5G ကို Support လုပ္ႏိုင္ေတာ့မွာျဖစ္တယ္ဆိုၿပီး ေၾကညာသြားခဲ့လို႔ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေျပာၾကားခ်က္အရေတာ့ OPPO ဟာ 5G Product အတြက္ R&D Budget တ႐ုတ္ယြမ္ေငြ ၁၀ သန္းအထိ ရွိထားတယ္လို႔လည္း သိရပါတယ္။

အခုအခ်ိန္မွာ 5G Network ဟာ အေနာက္ႏိုင္ငံေတြထက္ တ႐ုတ္ႏိုင္ငံတြင္းမွာ ၿပိဳင္ဆိုင္မႈပိုမိုမ်ားျပားေနၿပီးေတာ့ လက္ရွိခန္႔မွန္းခ်က္ေတြအရဆိုရင္ တကမာၻလုံးရဲ႕ 5G စမတ္ဖုန္းေရာင္းအား ၇၀ ရာခိုင္ႏႈန္းက တ႐ုတ္ႏိုင္ငံမွာ ရွိမယ္လို႔ေတာင္ ခန္႔မွန္းေနၾကတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ေနာက္ႏွစ္မွာေတာ့ Xiaomi ၊ OPPO နဲ႔ တျခားေသာ စမတ္ဖုန္းထုတ္လုပ္သူေတြဆီကေန ေစ်းပိုသက္သာတဲ့ 5G စမတ္ဖုန္းေတြကို ျမင္ေတြ႕ရဖို႔ကေတာ့ က်ိန္းေသေနပါၿပီ။

Ref – Gizmo China

Unicode

အခု ၂၀၁၉ ခုနှစ်ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် 5G ကို စတင်ပြီးတော့ ဆောင်ရွက်နေတဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း 5G ကို အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေက တော်တော်လေးကို များပြားနေပြီလို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့် အခုအချိန်အထိ 5G ကို Support လုပ်တဲ့ဖုန်းတွေက Flagship စမတ်ဖုန်းတွေပဲဖြစ်နေသေးပြီး Mid Range ဖုန်းတွေထဲမှာတော့ Galaxy A90 5G ကလွဲလို့ တခြားသော ဖုန်းတွေမှာ 5G ကို အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါက နောက်လာမယ့် ၂၀၂၀ ခုနှစ်ကြရင်တော့ ပြောင်းလဲသွားတော့မှာပါ။

ဘာကြောင့်လဲဆိုရင် OPPO ရဲ့ 5G Expert တစ်ဦးဖြစ်တဲ့ Shen Jia ကနေ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Event တစ်ခုမှာ OPPO ကနေ Yuan 3,000 (သို့) မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်နဲ့အထက် စမတ်ဖုန်းတွေအားလုံးမှာ 5G ကို Support လုပ်နိုင်တော့မှာဖြစ်တယ်ဆိုပြီး ကြေညာသွားခဲ့လို့ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ OPPO ဟာ 5G Product အတွက် R&D Budget တရုတ်ယွမ်ငွေ ၁၀ သန်းအထိ ရှိထားတယ်လို့လည်း သိရပါတယ်။

အခုအချိန်မှာ 5G Network ဟာ အနောက်နိုင်ငံတွေထက် တရုတ်နိုင်ငံတွင်းမှာ ပြိုင်ဆိုင်မှုပိုမိုများပြားနေပြီးတော့ လက်ရှိခန့်မှန်းချက်တွေအရဆိုရင် တကမ္ဘာလုံးရဲ့ 5G စမတ်ဖုန်းရောင်းအား ၇၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံမှာ ရှိမယ်လို့တောင် ခန့်မှန်းနေကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်နောက်နှစ်မှာတော့ Xiaomi ၊ OPPO နဲ့ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေဆီကနေ စျေးပိုသက်သာတဲ့ 5G စမတ်ဖုန်းတွေကို မြင်တွေ့ရဖို့ကတော့ ကျိန်းသေနေပါပြီ။

Ref – Gizmo China