OPPO ဟာ စမတ်တီဗီ နယ်ပယ်ထဲမှာ အပြိုင်ကြဲတော့မှာဖြစ်ပါတယ်။ OPPO ဟာ စမတ်တီဗီ ၁ လုံး ကြေညာတော့မယ်ဆိုတာကို ပြီးခဲ့တဲ့ လကတည်းက အသိပေးထားပါတယ်။ အခုတော့ ကြေညာမယ့်နေ့ကို အတည်ပြုလိုက်ပါပြီ။ ဒီလ ၁၉ ရက်နေ့ ရှန်ဟိုင်းမှာ အထူး ပွဲ ၁ ခုနဲ့ မိတ်ဆက်တော့မှာပါ။

OPPO က ပိုစတာ ၁ ခုနဲ့ အသိပေးလိုက်တာ ဖြစ်ပေမယ့် ဓါတ်ပုံမှာ တီဗီရဲ့ တခြား သတင်းအချက်အလက်တွေကို မတွေ့ရပါဘူး။ ဒါပေမယ့် 3C က စာရင်းမှာ A65UB00 နဲ့ A55UB00 မော်ဒယ် ၂ ခုကို တွေ့ရတဲ့အတွက် တီဗီ ၂ လုံးကို ကြေညာနိုင်ပါတယ်။ ပထမ ၁ လုံးက ၆၅ လက်မနဲ့ ဒုတိယ ၁ လုံးက ၅၅ လက်မ ဖြစ်မှာ သေချာပါတယ်။

3C မှာပဲ အဲဒီတီဗီမှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်ထားမယ်လို့ ဖော်ပြထားပါတယ်။ 4K QLED Panel , 120Hz Refresh Rate နဲ့ MEMC Chip တွေ ပါလာမယ်လို့ ယူဆရပါတယ်။

အခုနောက်ပိုင်းမှာ စမတ်ဖုန်း ကုမ္ပဏီတွေဟာ စမတ်တီဗီ နယ်ပယ်ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာကြပါတယ်။ OnePlus , Nokia , Xiaomi , realme နဲ့ Honor တို့ဟာ စမတ်တီဗီတွေ ထုတ်လုပ်ရောင်းချခဲ့ပြီးပါပြီ။ အခုတော့ OPPO လည်း ပါဝင် ယှဉ်ပြိုင်တော့မှာပါ။

Ref : gsmarena