Zawgyi

တရုတ္အေျခစုိက္စမတ္ဖုန္းထုတ္လုပ္သူ Oppo ဟာ လာမယ့္ ေမလ ၂၃ ရက္ေန႔မွာ က်င္းပမယ့္ မိတ္ဆက္ပြဲမွာ Oppo K3 ဟန္းဆက္အသစ္ကို မိတ္ဆက္သြားမယ္လို႔ ေၾကျငာလိုက္ပါၿပီ။ ဒါ့အျပင္ ဖုန္းအသစ္မွာ Snapdragon 710 ခ်စ္ပ္ဆက္ အသုံးျပဳလာမယ္ဆုိတာကိုလည္း အတည္ျပဳခဲ့ပါတယ္။

Oppo ဟာ K3 နဲ႔ပတ္သက္ၿပီး မ်ားမ်ားစားစားထုတ္ေဖာ္ေျပာၾကားျခင္း မရွိခဲ့ေပမယ့္ ၿပီးခဲ့တဲ့အပတ္က ထြက္ခဲ့တဲ့ သတင္းေတြေၾကာင့္ ဒီဖုန္းအသစ္မွာ 6.5” လက္မအရြယ္ FHD+ AMOLED Display ပါဝင္မယ္ ဆုိတာနဲ႔ In-display Fingerprint ပါဝင္လာမယ္ ဆုိတာကို သိခြင့္ရခဲ့ပါတယ္။

ဒါတင္မကဘဲ Oppo Reno မွာပါဝင္တဲ့ Selfie ကင္မရာလိုမ်ဳိး Shark Fin (ငါးမန္းေတာင္) ပုံသ႑ာန္ Pop-up ကင္မရာလည္း ပါဝင္မွာျဖစ္ကာ 16MP Sensor တစ္ခုကို ထည့္သြင္းလာမယ္လို႔ ဆုိပါတယ္။ ေနာက္ဘက္မွာ 16MP + 2MP ကင္မရာႏွစ္လုံးတြဲကို အသုံးျပဳထားမွာပါ။ အတြင္းမွာ Oppo K3 ဟာ 3,700 mAh ဘကၳရီႀကီး တပ္ဆင္လာၿပီး 20W VOOC 3.0 အားအျမန္သြင္းစနစ္ ပါဝင္မွာ ျဖစ္ပါတယ္။

Oppo K3 ကိုတရားဝင္မိတ္ဆက္လာမယ့္အခ်ိန္က သိပ္မလိုေတာ့တဲ့အတြက္ လာမယ့္အပတ္မွာ ဒီဖုန္းရဲ႕ ပုံပန္းသ႑ာန္နဲ႔တကြ အခ်က္အလက္အျပည့္အစုံကိုေတြ႕ရေတာ့မွာပါ။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူ Oppo ဟာ လာမယ့် မေလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မိတ်ဆက်ပွဲမှာ Oppo K3 ဟန်းဆက်အသစ်ကို မိတ်ဆက်သွားမယ်လို့ ကြေငြာလိုက်ပါပြီ။ ဒါ့အပြင် ဖုန်းအသစ်မှာ Snapdragon 710 ချစ်ပ်ဆက် အသုံးပြုလာမယ်ဆိုတာကိုလည်း အတည်ပြုခဲ့ပါတယ်။

Oppo ဟာ K3 နဲ့ပတ်သက်ပြီး များများစားစားထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က ထွက်ခဲ့တဲ့ သတင်းတွေကြောင့် ဒီဖုန်းအသစ်မှာ 6.5” လက်မအရွယ် FHD+ AMOLED Display ပါဝင်မယ် ဆိုတာနဲ့ In-display Fingerprint ပါဝင်လာမယ် ဆိုတာကို သိခွင့်ရခဲ့ပါတယ်။

ဒါတင်မကဘဲ Oppo Reno မှာပါဝင်တဲ့ Selfie ကင်မရာလိုမျိုး Shark Fin (ငါးမန်းတောင်) ပုံသဏ္ဍာန် Pop-up ကင်မရာလည်း ပါဝင်မှာဖြစ်ကာ 16MP Sensor တစ်ခုကို ထည့်သွင်းလာမယ်လို့ ဆိုပါတယ်။ နောက်ဘက်မှာ 16MP + 2MP ကင်မရာနှစ်လုံးတွဲကို အသုံးပြုထားမှာပါ။ အတွင်းမှာ Oppo K3 ဟာ 3,700 mAh ဘက္ထရီကြီး တပ်ဆင်လာပြီး 20W VOOC 3.0 အားအမြန်သွင်းစနစ် ပါဝင်မှာ ဖြစ်ပါတယ်။

Oppo K3 ကိုတရားဝင်မိတ်ဆက်လာမယ့်အချိန်က သိပ်မလိုတော့တဲ့အတွက် လာမယ့်အပတ်မှာ ဒီဖုန်းရဲ့ ပုံပန်းသဏ္ဍာန်နဲ့တကွ အချက်အလက်အပြည့်အစုံကိုတွေ့ရတော့မှာပါ။

Ref – GSM Arena