[Zawgyi]

စမတ္ဖုန္း ထုတ္လုပ္မႈလုပ္ငန္းႀကီးေတြမွာ ဦးေဆာင္ေနၾကတဲ့ Samsung, Huawei နဲ႔ Apple တို႔ကို ၾကည့္လိုက္မယ္ဆိုရင္ Samsung နဲ႔ Huawei တို႔ဟာ စမတ္ဖုန္းတင္ထုတ္လုပ္ၾကတာမဟုတ္ဘဲ Chip ေတြကိုလည္း ကိုယ္တိုင္ထုတ္ေနၾကတာကို ေတြ႕ရပါတယ္။ Apple ကလည္း ကိုယ္တိုင္ Chip ထုတ္ဖို႔ စတင္ေနပါၿပီ။

တ႐ုတ္အေျခစိုက္ စမတ္ဖုန္းအမွတ္တံဆိပ္ျဖစ္တဲ့ OPPO ကလည္း အလားတူလမ္းေၾကာင္းေပၚ တက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ OPPO ဟာ Mobile SoC ကို ကိုယ္တိုင္ထုတ္ဖို႔ စီစဥ္ေနၿပီး အနာဂတ္မွာထုတ္လုပ္သြားမယ့္ OPPO စမတ္ဖုန္းေတြမွာ အသုံးျပဳသြားမယ္လို႔ ဆိုပါတယ္။

ဒီသတင္းကေတာ့ ပထမဦးဆုံးၾကားရတာမဟုတ္ေပမယ့္ အခုတစ္ႀကိမ္မွာေတာ့ အေထာက္အထားအခ်ိဳ႕လည္း ရွိေနၿပီျဖစ္ပါတယ္။ ဒီအေထာက္အထားကေတာ့ EUIPO (ဥေရာပသမဂၢဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး) ကတစ္ဆင့္ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။ OPPO ဟာ သူတို႔ျပဳလုပ္မယ့္ Chip အတြက္ မူပိုင္ခြင့္ေလွ်ာက္ထားတာလည္း ျဖစ္ပါတယ္။

မူပိုင္ခြင့္ေလွ်ာက္ထားမႈအရ Chip ရဲ႕အမည္ဟာ OPPO M1 ျဖစ္ေၾကာင္း သိရပါတယ္။ ေကာလာဟလသတင္းေတြကေတာ့ OPPO ဟာ Speadtrum နဲ႔ MediaTek က အင္ဂ်င္နီယာေတြကို ငွားရမ္းထားတယ္လို႔ ဆိုပါတယ္။ အခုအခ်ိန္ထိ တရားဝင္သတင္းထုတ္ျပန္ျခင္းမရွိေသးေပမယ့္ လာမယ့္ ၂၀၂၀ MWC မွာေတာ့ ဒီအေၾကာင္းကို ၾကားရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

ကိုယ်ပိုင် Chip အတွက် မူပိုင်ခွင့်လျှောက်ထားလိုက်တဲ့ OPPO

စမတ်ဖုန်း ထုတ်လုပ်မှုလုပ်ငန်းကြီးတွေမှာ ဦးဆောင်နေကြတဲ့ Samsung, Huawei နဲ့ Apple တို့ကို ကြည့်လိုက်မယ်ဆိုရင် Samsung နဲ့ Huawei တို့ဟာ စမတ်ဖုန်းတင်ထုတ်လုပ်ကြတာမဟုတ်ဘဲ Chip တွေကိုလည်း ကိုယ်တိုင်ထုတ်နေကြတာကို တွေ့ရပါတယ်။ Apple ကလည်း ကိုယ်တိုင် Chip ထုတ်ဖို့ စတင်နေပါပြီ။

တရုတ်အခြေစိုက် စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ OPPO ကလည်း အလားတူလမ်းကြောင်းပေါ် တက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ OPPO ဟာ Mobile SoC ကို ကိုယ်တိုင်ထုတ်ဖို့ စီစဉ်နေပြီး အနာဂတ်မှာထုတ်လုပ်သွားမယ့် OPPO စမတ်ဖုန်းတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းကတော့ ပထမဦးဆုံးကြားရတာမဟုတ်ပေမယ့် အခုတစ်ကြိမ်မှာတော့ အထောက်အထားအချို့လည်း ရှိနေပြီဖြစ်ပါတယ်။ ဒီအထောက်အထားကတော့ EUIPO (ဥရောပသမဂ္ဂဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး) ကတစ်ဆင့် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ OPPO ဟာ သူတို့ပြုလုပ်မယ့် Chip အတွက် မူပိုင်ခွင့်လျှောက်ထားတာလည်း ဖြစ်ပါတယ်။

မူပိုင်ခွင့်လျှောက်ထားမှုအရ Chip ရဲ့အမည်ဟာ OPPO M1 ဖြစ်ကြောင်း သိရပါတယ်။ ကောလာဟလသတင်းတွေကတော့ OPPO ဟာ Speadtrum နဲ့ MediaTek က အင်ဂျင်နီယာတွေကို ငှားရမ်းထားတယ်လို့ ဆိုပါတယ်။ အခုအချိန်ထိ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေမယ့် လာမယ့် ၂၀၂၀ MWC မှာတော့ ဒီအကြောင်းကို ကြားရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena