[Unicode]

ပရိတ်သတ်များ၏ ချစ်ခင်အားပေးမှုများစွာ ရရှိထားသော အကယ်ဒမီ ဝတ်မှုန်ရွှေရည်၏ fans meeting ပွဲကို အောက်တိုဘာလ (၂၁)ရက်နေ့က ရန်ကုန်မြို့ရှိ Junction Square Outdoor Area တွင် သူမ၏ မိတ်ဖက် brand များ၊ သူမချစ်ခင်သော ပရိသတ်များ၊ အနုပညာညီအစ်ကို မောင်နှမများနှင့်အတူ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပွဲကို နည်းပညာအသစ်များနှင့် ဆန်းသစ်သော ဒီဇိုင်းများကို ပေါင်းစပ်ထုတ်လုပ်ထားသည့် စမတ်ဖုန်းများကို မိတ်ဆက်ပေးလျက်ရှိသော OPPO Myanmar မှ Main Sponsor အဖြစ် ပံ့ပိုးပေးထားခြင်း ဖြစ်ပြီး Co Sponsor အဖြစ် ဂရုအစိုက်ဆုံး အော်ပရေတာ Mytel၊ Supporting Sponsor အဖြစ် Baby G၊ Kinohitmisu၊ Dermalogica နှင့် Ve Ve အချိုရည်တို့မှ ပါဝင်ကူညီ အားဖြည့်ပေးခဲ့ကြပါသည်။

ရရှိသည့် ကာရိုက်တာတိုင်းကို ပီပြင်အောင်သရုပ်ဆောင်ရင်း အောင်မြင်မှုများစွာ ရရှိလာခဲ့သော အကယ်ဒမီ ဝတ်မှုန်ရွှေရည်သည် သူမချစ်သော ပရိသတ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံလိုသည့် ရည်ရွယ်ချက်ဖြင့် fans meeting ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဝတ်မှုန်ရွှေရည်က “အရင်နှစ်တွေထဲက စီစဥ်ထားတာပေါ့နော်။ ကစ်က ရုပ်ရှင်ရိုက်တာတို့ ပွဲတက်တာတို့ များနေတာတွေနဲ့ အလုပ်ကများနေတော့ မလုပ်ဖြစ်ခဲ့ဘူး။ ကစ်က ပုံမှန်ဆို press show တွေ ပွဲတက်တာတွေမှာပဲ ပရိတ်သတ်နဲ့တွေ့ရတာလေ။ အခုဒီပွဲမှာတော့ ကစ်ရဲ့ ပရိတ်သတ်တွေနဲ့ ရင်းရင်းနှီးနှီး စကားတွေပြောရင်း အချိန်တွေအများကြီးပေးဖို့ စီစဥ်ထားတယ်။ ကစ်ရဲ့ fans meeting ပွဲလေးကို အခုလို ပရိတ်သတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်ဖို့ ပံ့ပိုးကူညီပေးကြတဲ့ ကစ်ရဲ့ မိတ်ဖက် brand တွေဖြစ်တဲ့ OPPO၊ Mytel၊ Baby G၊ Kinohitmisu၊ Dermalogica၊ Ve Ve နဲ့ Stella Collections တို့ကိုလည်း ကစ်က အများကြီး ကျေးဇူးတင်ပါတယ်” ဟုပြောကြားခဲ့ပါသည်။ ဝတ်မှုန်ရွှေရည်၏ fans meeting ပွဲကို Project K ၏ opening dance နှင့်အတူ စတင်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုတော်များဖြစ်သော Ar-T၊ အုပ်စိုးခန့်၊ နီနီခင်ဇော်၊ သီရိဆွေနှင့် Mary တို့မှလည်း လာရောက်ကြသော ပရိသတ်များကို တေးသီချင်းများနှင့် သီဆိုဖျော်ဖြေပေးခဲ့ပါသည်။

အကယ်ဒမီ ဝတ်မှုန်ရွှေရည် မှ ပွဲကို လာရောက်ကြသော ပရိတ်သတ်များအတွက် OPPO Photo Booth နှင့် အခြားမိတ်ဖက် brand များ၏ photo booth များတွင် အမှတ်တရ ဓာတ်ပုံများရိုက်ကူးရင်း ဆုလက်ဆောင်များကိုလည်း ပေးအပ်ပေးခဲ့ပြီး အကျွေးအမွေးအစီအစဥ်များနှင့်အတူ သူမချစ်သော ပရိတ်သတ်များနှင့် ပျော်ရွှင်စရာ ဂိမ်းများကစားရင်း ပွဲကို အဆုံးသတ်ခဲ့ပါသည်။ ထို fans meeting မှ ရရှိသော အမြတ်များအားလုံးကို ဝတ်မှုန်ရွှေရည်မှ လိုအပ်သော နေရာများတွင် သွားရောက်လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

[Zawgyi]

OPPO ၏ Brand Ambassador ဖြစ်သော အကယ်ဒမီ ဝတ်မှုန်ရွှေရည်နှင့် သူမချစ်သော ပရိသတ်များတွေ့ဆုံခဲ့သည့် Fans Meeting ပွဲ


