ပြီးခဲ့တဲ့လတုန်းက OPPO ရဲ့ Extendable display နဲ့စမတ်ဖုန်းကို ဒီဇိုင်းမူပိုင်ခွင့်တင်ထားကြောင်း သတင်းပေါ်ထွက်ခဲ့ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီဟာ လှပတဲ့ဒီဇိုင်းနဲ့ Rollable display တယ်ဆင်ထားတဲ့ Slider ဖုန်းကို မကြာခင်မိတ်ဆက်တော့မယ်လို့ သိရပါတယ်။

မကြာခဏဆိုသလို ဒီဇိုင်းပုံစံသစ်တွေနဲ့ မူပိုင်ခွင့်တွေပဲ တွေ့မြင်ရလေ့ရှိပေမယ့်၊ အခုတစ်ခါမှာတော့ ဆွဲထုတ်နိုင်တဲ့မျက်နှာပြင်တပ်ဆင်ထားတဲ့ Rollable OPPO X 2021 ကို ဈေးကွက်ဝင်ထုတ်ကုန်တစ်ခုအဖြစ် အမှန်တကယ် မြင်တွေ့လာရဖွယ်ရှိနေပါတယ်။ ဒီ Device ကို INNO Day 2020 တုန်းက Tease လုပ်သွားတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။

OPPO X 2021 ဟာ Concept ဖုန်းဖြစ်ပေမယ့် ကမ္ဘာ့ပထမဦးဆုံး Extending display လို့ ဆိုရပါလိမ့်မယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း ပတ္တာသုံးခုနဲ့ Concept ဖုန်းသစ်ကို ပြသထားတဲ့ OPPO ဟာ လာမယ့်နှစ်မှာတော့ တစ်မျိုးမျိုးကို ဈေးကွက်ထဲ ပို့ဆောင်လာတော့မယ်လို့ ယုံကြည်ရပါတယ်။ အခုလည်း LetsGoDigital က Rollable display architecture နဲ့ OPPO Slider စမတ်ဖုန်းကို ပုံဖော်ပြသလာတာကို တွေ့မြင်ရပါပြီ။

ပြည့်စုံတဲ့ စာရွက်စာတမ်းအချက်အလက်တွေကိုအခြေခံပြီးပုံဖော်လိုက်တဲ့အခါ ဒီစမတ်ဖုန်းဟာ အမေရိကန် ထိပ်တန်းဒီဇိုင်နာ Tom Ford နဲ့ ပူးပေါင်းပြီး ဒီဇိုင်းဆွဲထားတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် OPPO ဘက်ကတော့ ဒီဇိုင်နာနဲ့ ပူးပေါင်းထားတယ်ဆိုတဲ့အကြောင်းကို ကြေညာမှုတစ်စုံတစ်ရာ မပြုလုပ်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပေါက်ကြားစာရွက်စာတမ်းတွေနဲ့အတူ LetsGoDigital ရဲ့ Render တွေကတော့ ထွက်ပေါ်လာပါပြီ။

ဒီစမတ်ဖုန်းဟာ ကျောဘက်မှာ Leather panel နဲ့အတူ ကင်မရာသုံးလုံးတပ်ဆင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် Woven fabric နဲ့ သစ်ပါးလွှာကပ်ထားတဲ့ ဒီဇိုင်းမျိုးလည်း ဖြစ်ပါတယ်။ အမေရိကန်ဒီဇိုင်နာနဲ့ ပူးပေါင်းထားတဲ့အမှတ်အသားအဖြစ် OPPO X Tom Ford ဆိုတဲ့ Logo ကိုလည်း ဖော်ပြထားပါသေးတယ်။ အခုလောလောဆယ် ဒီစမတ်ဖုန်းနဲ့ပတ်သက်ပြီး တရားဝင်သတင်းအချက်အလက် မထွက်သေးတဲ့အတွက် ဆက်ပြီးစောင့်ကြည့်ဖို့တော့ လိုပါသေးတယ်။

Ref: Gizmochina