OPPO ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက Ace2 ကို ဖြန့်ချိခဲ့ပါတယ်။ 90Hz display, Snapdragon 865 နဲ့ In-screen fingerprint sensor တွေဟာ ဒီဟန်းဆက်ကို တောက်ပစေခဲ့ပါတယ်။ ဟုတ်ပါတယ်။ အကောင်းဆုံး၊ အဆန်းသစ်ဆုံး ဟန်းဆက် မဟုတ်ပေမယ့် $565 (၇ သိန်းခွဲ ၈ သိန်းဝန်းကျင်) ဆိုတဲ့ ဈေးနှုန်းအတွက်တော့ အတော်လေးကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

Ace2 မှာ 4,000mAh ဘက်ထရီ ပါဝင်ပြီး 65W အမြန်အားသွင်းစနစ် ပါဝင်သလို၊ 40W ကြိုးမဲ့အမြန်အားသွင်းစနစ်လည်း ပါဝင်လာပါတယ်။ အမြန်အားသွင်းစနစ်တွေက ကြားရတာကောင်းပေမယ့် တစ်ဘက်မှာတော့ ပြန်လည်ပေးဆပ်ရတာတွေ ရှိနေပါတယ်။

40W ကြိုးမဲ့နည်းပညာဟာ ဘက်ထရီရဲ့စွမ်းဆောင်နိုင်မှုနှုန်းကို ပျက်စီးစေပြီး သူ့လုပ်နိုင်စွမ်းရဲ့ ၇၀ ရာခိုင်နှုန်းအထိ လျော့နည်းစေမယ်လို့ အတည်ပြုပေးထားတာလည်း ဖြစ်ပါတယ်။ ဒီအတိုင်းပဲ 15W အားသွင်းစနစ်ကတည်း ၉၀ ရာခိုင်းနှုန်းကို လျော့နည်းစေမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအချက်က အခြား OEMs တွေဖြစ်တဲ့ Google နဲ့ Apple တို့ဟာ မြင့်မားတဲ့ အားသွင်းနှုန်းနံပါတ်တွေနောက်ကို မလိုက်တာဖြစ်နိုင်တယ်ဆိုတဲ့ ကောက်ချက်ကို ဖြစ်ပေါ်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုသူ အများစုအတွက်တော့ 15W အမြန်အားသွင်းစနစ်က လုံလောက်တယ်လို့ ဆိုနိုင်ပါတယ်။

ဘယ်လိုအားသွင်းတာမျိုးပဲဖြစ်ဖြစ် ဘက်ထရီဆဲလ်တွေကို ပျက်စီးစေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အမြန်အားသွင်းလေ အမြန်ပျက်စီးလေ ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုက စမတ်ဖုန်းတစ်လုံးကို သုံးနှစ်ကျော်ကြာအောင် အသုံးမပြုတာက များတာကြောင့် ဒီလိုမျိုး ဘက်ထရီပျက်စီးမှုမြန်တာက သိပ်ပြီးမပေါ်လွင်၊ သိပ်ပြီးသတိမထားမိကြတာ ဖြစ်ပါတယ်။

Ref: Phone Arena