OPPO ရဲ့ နောက်မျိုးဆက် Find X Series ကို   Mobile World Congress မတိုင်ခင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားခဲ့ပေမယ့် ပွဲဖျက်လိုက်တဲ့အတွက် ကုမ္ပဏီက မိတ်ဆက်ပွဲကို အချိန်ပြောင်းရွှေ့လိုက်ရပါတယ်။ OPPO ရဲ့ ဒုတိယ ဥက္ကဌ Shen Yiren က အဲဒီဖုန်းမှာ 65W Fast Wired Charging ပါလာမယ်လို့ အတည်ပြုထားပြီးပါပြီ။ အခုတော့ ဝီဘိုမှာ မျှဝေထားတဲ့ Screenshot ၁ ခုအရ 30W Wireless Fast Charging ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Wireless Charging အပြင် Reverse Wireless Charging လည်း ပါလာနိုင်ပါတယ်။ ဒါပေမယ့် 30W Wireless Charging နည်းပညာဟာ OPPO ရဲ့ Wireless Charging Base နဲ့ပဲအလုပ်လုပ်နိုင်ပြီး တခြား ထုတ်ကုန်တွေနဲ့ သုံးလို့ မရနိုင်ဘူးလို့ ထင်ပါတယ်။

Find X2 မှာ နောက်ဆုံးထုတ် အလန်းစား ဟာ့ဒ်ဝဲတွေ ပါလာမှာပါ။  ၆.၅ လက်မ 120Hz QHD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး Punch-hole မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။ မျက်နှာပြင်က Quad HD+ Resolution ဖြစ်ပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တွေပါတဲ့အတွက် ဖုန်း သုံးရတာ အရမ်းမြန်မှာပါ။

Qualcomm Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 65W Fast Charger ပါလာမှာပါ။ LPDDR5 RAM , USB 3.0 Storage နဲ့ WiFi 6 လို လုပ်ဆောင်ချက်တွေ ပါလာနိုင်ပါတယ်။ အနောက်ဘက် ပင်မ ကင်မရာက 48MP ဖြစ်ပြီး Sony နဲ့ OPPO တို့ ပူးပေါင်းဖန်တီးထားတာလို့ သတင်းထွက်နေပါတယ်။ Sony IMX708 Super-wide Lens အသစ်လည်း ပါလာနိုင်ပါတယ်။ မကြာခင်မှာ မိတ်ဆက်ပွဲနေ့ကို ကုမ္ပဏီက ကြေညာမှာပါ။

Ref : gizmochina