Samsung ဟာ Galaxy User များစွာအတွက် ခရစ်စမတ်လက်ဆောင်ပေးလိုက်ပါတယ်။ အဲဒါကတော့ တခြား မဟုတ်ပါဘူး။ Galaxy Note20 Series ၊ S20 Series ၊ S10 Series နဲ့ နောက်ဆုံးထုတ် Foldable စမတ်ဖုန်းတွေအတွက် One UI 4 ကို ဖြန့်ချိပေးလိုက်တာပါ။ အစောပိုင်း ဖြန့်ချိတဲ့ One UI 4 မှာ Bugs တွေပါခဲ့တဲ့အတွက် Bugs တွေ ပြင်ဆင်ပြီး အခုနောက်တစ်ခါ ဖြန့်ချိပေးလိုက်တာပါ။ မူလ Samsung Galaxy Z Flip ရဲ့ LTE နဲ့ 5G မော်ဒယ်တွေအတွက်လည်း One UI 4 ရရှိသွားပြီ ဖြစ်ပါတယ်။

The Future Changes Shape: Express Yourself with Galaxy Z Flip – Samsung  Newsroom U.K.

Samsung Galaxy Z Flip အတွက် One UI 4 ကို ဆွစ်ဇာလန်နဲ့ အီတလီမှာ ရရှိနေပြီ ဖြစ်ပြီး တခြားနိုင်ငံတွေမှာလည်း မကြာခင် ရရှိတော့မှာ သေချာပါတယ်။ စမတ်ဖုန်းမှာ Update ရရှိတဲ့ Notification မတက်လာရင် Settings ထဲက Software Update မှာ အင်စတောပြုလုပ်နိုင်ပါတယ်။

Leaked official Samsung Galaxy Z Flip renders and full specs will make you  flip out - NotebookCheck.net News

One UI 4 မှာ Interface ဒီဇိုင်းကို ဆန်းသစ်ထားပြီး ပိုကောင်းတဲ့ Widgets တွေ ထည့်သွင်းထားပါတယ်။ Dark Mode နဲ့ Always On Display တွေ ပိုကောင်းလာပြီး Privacy နဲ့ Security တွေ တိုးတက်အောင် ပြုလုပ်ထားပါတယ်။ ကင်မရာနဲ့ မိုက်ကရိုဖုန်းကို အသုံးပြုချိန်မှာ သတိပေးတဲ့ Privacy Indicator ပါလာပါတယ်။

Ref : gsmarena