[Zawgyi]
iPhone အသုံးပြုသူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် Screen အသစ်လဲလှယ်ဖို့ ကြုံတွေ့လာရပြီဆိုရင် သူတို့မှာ ရွေးချယ်စရာ အခွင့်အရေး ၂မျိုး ရှိပါတယ်။ ပထမ ၁မျိုးက Apple အသိအမှတ်ပြုထားတဲ့ LCDs ကုမ္ပဏီက ထုတ်လုပ်ပေးတဲ့ Original iPhone Screen တွေကို အစားထိုး လဲလှယ်ခွင့်ဖြစ်ပြီး၊ ဒုတိယ ၁မျိုးကတော့ Third-party တရုတ်ကုမ္ပဏီ အများစုက ဆင်တူယိုးမှား ပြုလုပ်ပြီး ထုတ်လုပ်ထားတဲ့ Copy iPhone Screen တွေကို အစားထိုး လဲလှယ်ခွင့် ဖြစ်ပါတယ်။
Copy iPhone Screen တွေဟာ Original iPhone Screen တွေထက် ဈေးသက်သာတာကြောင့် iPhone အသုံးပြုသူ အများစုဟာ Copy iPhone Screen တွေကိုပဲ ရွေးချယ်လေ့ ရှိပါတယ်။ ဈေးသက်သာတာက iPhone အသုံးပြုသူတွေကို Copy iPhone Screen လဲလှယ်ဖို့ ဆွဲဆောင်လိုက်တဲ့ ပထမအချက် ဖြစ်စေပြီး၊ ဒုတိယအချက်ကတော့ Original iPhone Screen နဲ့ Copy iPhone Screen က အရမ်းကြီး ကွာခြားမသွားဘူး ထင်စေလို့ပါ။
ဒီလောက်ဆိုရင်တော့ Copy iPhone Screen တွေကို ဈေးသက်သာတယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ မရွေးချယ်သင့်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားလောက်ပြီ ထင်ပါတယ်။
[Unicode]
Original iPhone Screen နဲ့ Copy iPhone Screen တွေရဲ့ ကွာခြားချက်များ
iPhone အသုံးပြုသူတွေဟာ အကြောင်းအမျိူးမျိူးကြောင့် Screen အသစ်လဲလှယ်ဖို့ ကြုံတွေ့လာရပြီဆိုရင် သူတို့မှာ ရွေးချယ်စရာ အခွင့်အရေး ၂မျိူး ရှိပါတယ်။ ပထမ ၁မျိူးက Apple အသိအမှတ်ပြုထားတဲ့ LCDs ကုမ္ပဏီက ထုတ်လုပ်ပေးတဲ့ Original iPhone Screen တွေကို အစားထိုး လဲလှယ်ခွင့်ဖြစ်ပြီး၊ ဒုတိယ ၁မျိူးကတော့ Third-party တရုတ်ကုမ္ပဏီ အများစုက ဆင်တူယိုးမှား ပြုလုပ်ပြီး ထုတ်လုပ်ထားတဲ့ Copy iPhone Screen တွေကို အစားထိုး လဲလှယ်ခွင့် ဖြစ်ပါတယ်။
Apple က အသိအမှတ်ပြုထားတဲ့ Service Center တွေမှာ Original iPhone Screen တစ်မျိူးတည်းသာ အစားထိုး လဲလှယ်ခွင့်ရှိပေမယ့် Apple က အသိအမှတ်ပြုမထားတဲ့ Service Center တွေမှာတော့ အဆိုပါ အခွင့်အရေး ၂မျိူးစလုံးကို ရရှိနိုင်ပါတယ်။ တကယ်လို့ မိမိရဲ့ iPhone မှာ Apple ဒါမှမဟုတ် ဝယ်ယူခဲ့တဲ့ ဆိုင်က ပေးထားတဲ့ Warranty ရှိနေသေးတယ်ဆိုရင်တော့ သက်ဆိုင်ရာ Apple အသိအမှတ်ပြု Service Center ဒါမှမဟုတ် မိမိဝယ်ယူခဲ့တဲ့ ဆိုင်မှာပဲ Warranty မပျက်အောင် အစားထိုး လဲလှယ်ဖို့ အကြံပေးချင်ပါတယ်။
Copy iPhone Screen တွေဟာ Original iPhone Screen တွေထက် စျေးသက်သာတာကြောင့် iPhone အသုံးပြုသူ အများစုဟာ Copy iPhone Screen တွေကိုပဲ ရွေးချယ်လေ့ ရှိပါတယ်။ စျေးသက်သာတာက iPhone အသုံးပြုသူတွေကို Copy iPhone Screen လဲလှယ်ဖို့ ဆွဲဆောင်လိုက်တဲ့ ပထမအချက် ဖြစ်စေပြီး၊ ဒုတိယအချက်ကတော့ Original iPhone Screen နဲ့ Copy iPhone Screen က အရမ်းကြီး ကွာခြားမသွားဘူး ထင်စေလို့ပါ။
– တကယ်တော့ Copy Screen တွေက Brightness , Contrast နဲ့ Vibrancy တွေမှာ Original Screen တွေလောက် မကောင်းပါဘူး။ ဘက်ထရီအားလည်း ပိုစားနိုင်ပါတယ်။
Copy (left) and original (right)
– Copy Screen တွေက Original Screen တွေထက် Resolution နဲ့ Refresh Rate ပိုနည်းပါတယ်။ Copy Screen တွေရဲ့ မျက်နှာပြင်က Original Screen တွေလောက် Smooth မဖြစ်ပါဘူး။
Microscope view of dot pitch on copy screen (left) and original (right)
– Copy Screen တွေက Touch ID Fingerprint Sensor တွေကို ပျက်စီးစေပါတယ်။ အထူးသဖြင့် တချိူ့သော iPhone 6S, 6S+, 7 နဲ့ 7+ တို့မှာ Copy Screen ကို တပ်ဆင် အသုံးပြုပြီးတဲ့ နောက်ပိုင်း Fingerprint Sensor နဲ့ 3D Touch တွေ ကောင်းကောင်း အလုပ်မလုပ်ဘူးလို့ သိရပါတယ်။
Copy Screen တွေနဲ့ Original Screen တွေက အပေါ်ယံကြည့်မယ်ဆိုရင် တူညီတယ်လို့ ထင်ရပေမယ့် အသုံးပြုထားတဲ့ ပစ္စည်းနဲ့ ထုတ်လုပ်လိုက်တဲ့ အရည်အသွေးတွေက အများကြီး ကွာခြားပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Original Screen ကို Gorilla Glass နဲ့ ပြုလုပ်ထားတာဖြစ်ပေမယ့် Copy Screen တွေမှာတော့ Gorilla Glass ကို အသုံးပြုထားခြင်း မရှိပါဘူး။ ဒါ့ကြောင့် Copy Screen တွေက Original Screen တွေလောက် အကြမ်းမခံသလို ပွန်းရာ၊ ခြစ်ရာနဲ့ လက်ဗွေရာတွေလည်း ထင်လွယ်စေပါတယ်။ ဒါ့အပြင် Water & Dust Resistance မှာလည်း Copy Screen တွေက Original Screen တွေထက် ခံနိုင်ရည် ပိုနည်းပါတယ်။
Original Screen ရဲ့ နောက်ကျောဘက်ကို ကြည့်မယ်ဆိုရင် ကြွေထည်ပူကို အသုံးပြုပြီး ဖောက်ထားတာကြောင့် အရောင်ပြောင်းနေတဲ့ အပေါက်လေးကို မြင်တွေ့ရမှာပါ။ Copy (Fake) Screen တွေမှာတော့ အဲ့ဒီလိုမျိူး မဟုတ်ပါဘူး။
ဝါယာကြိုးပြားပေါ်က စာတွေကို ကြည့်မယ်ဆိုရင်လည်း Original Screen တွေမှာ စာသားတွေကို Apple စကားလုံးနဲ့အတူ သန့်ရှင်းသပ်ရပ်စွာ ရေးသားထားတာကို မြင်တွေ့ရမှာပါ။ Copy (Fake) Screen တွေမှာတော့ စာသားတွေက ပိုမိုသေးငယ်ပြီး မသပ်မရပ်ဖြစ်နေတယ်လို့ သိရပါတယ်။
ဒီလောက်ဆိုရင်တော့ Copy iPhone Screen တွေကို စျေးသက်သာတယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ မရွေးချယ်သင့်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားလောက်ပြီ ထင်ပါတယ်။
Ref : Disc Depot , iFixTech