[Zawgyi]

ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းမွာ Smartphone Operating System မ်ားဟာ Privacy Settings မ်ား ျမင့္လာပါတယ္။ အဲဒီအတြက္ သံုးစြဲသူမ်ားဟာ သူတို႔ရဲ႕ ဘယ္ သတင္းအခ်က္အလက္မ်ားကို ဘယ္ App မ်ားက ရယူႏိုင္မလဲ ဆိုတာကို သတ္မွတ္ထားႏိုင္လာပါတယ္။ ဒါေပမယ့္လည္း သုေတသန စစ္တမ္းတစ္ခု အရ Android App ေပါင္း ၁၃၀၀ ေက်ာ္ဟာ ဖုန္း ပိုင္ရွင္ရဲ႕ Permission မရဘဲ ေဒတာမ်ားကို ရယူေနတယ္လို႔ သိရပါတယ္။

International Computer Science Institute (ICSI) မွ သုေတသန ပညာရွင္မ်ားက US Google Play Store မွ App ေပါင္း ၈၈ ၀၀၀ ကို စမ္းသပ္ခဲ့ၾကပါတယ္။ သူတို႔က App မ်ားကို ေပးထားတဲ့ Permission နဲ႔ App မ်ားက ရယူတဲ့ ေဒတာမ်ားကို စမ္းစစ္ေလ့လာခဲ့ၾကပါတယ္။ အံ့အားသင့္စရာေကာင္းတာက App ေပါင္း ၁၃၂၅ ခုဟာ သံုးစြဲသူရဲ႕ ခြင့္ျပဳခ်က္ မရဘဲ ေဒတာမ်ားကို ရယူေနတာကို ေတြ႕ခဲ့ၾကပါတယ္။

အဲဒီ App မ်ားထဲမွာ က႑စံုမွ နာမည္ႀကီး App မ်ားလည္း ပါ၀င္ပါတယ္။ သုေတသန ပညာရွင္မ်ားက သူတို႔ရဲ႕ ေလ့လာေတြ႕ရွိခ်က္ကို FTC နဲ႔ Google ကို တင္ျပထားပါတယ္။ Google က Android Q မွာ ဒါေတြကို ျပင္ဆင္ထားမယ္လို႔ ေျပာပါတယ္။ ေဒတာမ်ားကို အလြဲသံုးစားလုပ္ေနတဲ့ နာမည္ႀကီး App မ်ားထဲမွာ Baidu လည္း ပါပါတယ္။

Baidu ရဲ႕ Maps App ဟာ သံုးစြဲသူ  Permission မေပးထားတဲ့ ေဒတာမ်ားကို ရယူေနတယ္လို႔ စစ္တမ္းက ေဖာ္ျပထားပါတယ္။ Hong Kong Disneyland App , Samsung Health , Samsung Browser မ်ား အပါအ၀င္ Baidu ရဲ႕ Maps Service ကို အသံုးျပဳထားတဲ့ အျခား Apps မ်ားဟာလည္း သံုးစြဲသူရဲ႕ ခြင့္ျပဳခ်က္ မရဘဲ ေဒတာမ်ားကို ရယူေနတာကို ေတြ႕ခဲ့ၾကပါတယ္။

Ref : techradar

[Unicode]

Android App ပေါင်း ၁၃၀၀ ကျော်ဟာ Permission မရဘဲနဲ့ ဒေတာများကို ရယူနေ

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Smartphone Operating System များဟာ Privacy Settings များ မြင့်လာပါတယ်။ အဲဒီအတွက် သုံးစွဲသူများဟာ သူတို့ရဲ့ ဘယ် သတင်းအချက်အလက်များကို ဘယ် App များက ရယူနိုင်မလဲ ဆိုတာကို သတ်မှတ်ထားနိုင်လာပါတယ်။ ဒါပေမယ့်လည်း သုတေသန စစ်တမ်းတစ်ခု အရ Android App ပေါင်း ၁၃၀၀ ကျော်ဟာ ဖုန်း ပိုင်ရှင်ရဲ့ Permission မရဘဲ ဒေတာများကို ရယူနေတယ်လို့ သိရပါတယ်။

International Computer Science Institute (ICSI) မှ သုတေသန ပညာရှင်များက US Google Play Store မှ App ပေါင်း ၈၈ ၀၀၀ ကို စမ်းသပ်ခဲ့ကြပါတယ်။ သူတို့က App များကို ပေးထားတဲ့ Permission နဲ့ App များက ရယူတဲ့ ဒေတာများကို စမ်းစစ်လေ့လာခဲ့ကြပါတယ်။ အံ့အားသင့်စရာကောင်းတာက App ပေါင်း ၁၃၂၅ ခုဟာ သုံးစွဲသူရဲ့ ခွင့်ပြုချက် မရဘဲ ဒေတာများကို ရယူနေတာကို တွေ့ခဲ့ကြပါတယ်။

အဲဒီ App များထဲမှာ ကဏ္ဍစုံမှ နာမည်ကြီး App များလည်း ပါဝင်ပါတယ်။ သုတေသန ပညာရှင်များက သူတို့ရဲ့ လေ့လာတွေ့ရှိချက်ကို FTC နဲ့ Google ကို တင်ပြထားပါတယ်။ Google က Android Q မှာ ဒါတွေကို ပြင်ဆင်ထားမယ်လို့ ပြောပါတယ်။ ဒေတာများကို အလွဲသုံးစားလုပ်နေတဲ့ နာမည်ကြီး App များထဲမှာ Baidu လည်း ပါပါတယ်။

Baidu ရဲ့ Maps App ဟာ သုံးစွဲသူ Permission မပေးထားတဲ့ ဒေတာများကို ရယူနေတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ Hong Kong Disneyland App , Samsung Health , Samsung Browser များ အပါအဝင် Baidu ရဲ့ Maps Service ကို အသုံးပြုထားတဲ့ အခြား Apps များဟာလည်း သုံးစွဲသူရဲ့ ခွင့်ပြုချက် မရဘဲ ဒေတာများကို ရယူနေတာကို တွေ့ခဲ့ကြပါတယ်။

Ref : techradar