၂၀၂၂ ကုန်ဆုံးလို့ ၂၀၂၃ ခုနှစ်ထဲရောက်နေပါပြီ။ ရှေ့ဆက်ရမယ်ဆိုပေမဲ့ နောက်ကိုလည်းပြန်လှည့်ကြည့်ပြီး အမှားအယွင်းတွေအတွက် သင်ခန်းစာယူရပါမယ်။ သုံးသပ်စရာတွေ ရှိနေပါသေးတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ဒေတာပေါက်ကြားမှုအရေအတွက် သိသိသာသာ လျော့ကျသွားတာ တွေ့နိုင်ပါတယ်။

တစ်ဖက်မှာတော့ သုံးစွဲသူတွေရဲ့ ဒေတာခိုးယူခံရမှုက သိသိသာသာ ပိုပြီးများပြားလာတယ်လို့ Identity Theft Resource Center (ITRC) ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၆ နှစ်တာကာလအတွင်းမှာ ဒေတာခိုးယူခံရသူ အရေအတွက်မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၄၂% နီးပါး ခုန်တက်သွားခဲ့ပါတယ်။

ဒီပမာဏဟာ သုံးစွဲသူဒေတာအချို့ ခိုးယူခံရတဲ့ ဖြစ်ရပ်ပေါင်း ၄၂၂ သန်း ထက်ကျော်လွန်တဲ့ ခန့်မှန်းအရေအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအချို့ကတော့ ဒီလို သုံးစွဲသူဒေတာခိုးယူခံရခြင်းနဲ့ပတ်သက်ပြီး သိပေမဲ့လည်း အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုခြင်းမပြုလုပ်ကြတာကိုလည်း တွေ့ရပါတယ်။ ITRC ရဲ့ CEO ဖြစ်တဲ့ Eva Velasquez ကတော့ အခုလို ကြီးထွားလာနေတဲ့ စိုးရိမ်ပူပန်မှုကို “လိမ်လည်လှည့်ဖြားမှု” အဖြစ် တံဆိပ်ကပ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ အကြီးမားဆုံးသော ချိုးဖောက်မှုက Twitter က ဖြစ်ပါတယ်။ ဒေတာခိုးယူခံရသူ ၂၂၁ သန်းကို ပံ့ပိုးကူညီခဲ့ပြီး စုစုပေါင်း အစီရင်ခံထားတဲ့ အရေအတွက်ရဲ့ ၄၇% နဲ့ ညီမျှနေပါတယ်။ ကျန်တဲ့ ထိပ်တန်းစာရင်းငါးခုဝင်တွေကတော့ Neopets, AT&T, Cash App နဲ့ Beetle Eye တို့ ဖြစ်တယ်လို့ သိရပါတယ်

ခိုးယူခံရတဲ့ ဖြစ်ရပ်အများစုမှာ သုံးစွဲသူရဲ့အမည်၊ Social security number စတာတွေမှာပဲ ကန့်သတ်ခံထားရပေမဲ့ အခြားအဆင့်အဖြစ် တစ်စုံတစ်ယောက်ကိုဖော်ထုတ်ဖို့၊ ဒါမှမဟုတ် အယောင်ဆောင်ဖို့အတွက် အသုံးပြုနိုင်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေအထိ ပါဝင်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ သုံးစွဲသူတွေအနေနဲ့ လုံခြုံရေးစနစ်ကို ပိုပြီးအားကောင်းစေတဲ့ Password တွေအပြင် Two-factor authentication (2FA) တွေကို ပိုပြီးသုံးစွဲသင့်နေပြီ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုံခြုံရေးအချက်အလက်ကို ကိုယ်တိုင်ပဲ အရင်ဦးဆုံးကာကွယ်ရမှာဖြစ်ပါတယ်။

Ref: Phone Arena