Unicode

Activision Blizzard ဟာ သူတို့ရဲ့ Overwatch Esports လိဂ်ပြိုင်ပွဲစဉ်တွေထဲမှ လာမယ့်ဖေဖော်ဝါရီကနေ မတ်လအတွင်း တရုတ်ပြည်တွင်းမှာကစားရမယ့် ပွဲစဉ်အားလုံးကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဒီပွဲစဉ်တွေကို နောက်ပိုင်းမှာ ပြန်လည်ကျင်းပပေးသွားမယ်လို့ ပါဝင်ပါတယ်။

အခုရက်သတ္တပတ်အစောပိုင်းမှာ အမေရိကန်ပြည်တွင်းရေးမှ နိုင်ငံသားများအား ဝူဟန်ဗိုင်းရပ်စ်ရန်ကြောင့် တရုတ်နိုင်ငံသို့ ခရီးသွားလာဖို့ကို စဉ်းစားသင့်ကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ အခုဖြစ်ရပ်မှာ အကြောင်းပြချက် မပေးထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရန်ကြောင့်ဆိုတာ သိသာနေပြီး ကစားသမားတွေရဲ့ ကျန်းမာရေးကို အလေးထားတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

လက်ရှိ Overwatch Esports လိဂ်ထဲမှာ ယှဉ်ပြိုင်နေတဲ့ Chengdu Hunters, Hangzhou Spark, Guangzhou Charge နဲ့ Shanghai Dragons အစရှိ တရုတ်အခြေစိုက်အသင်းတွေဟာ ဒီကြေညာချက်ကြောင့် တိုက်ရိုက်သက်ရောက်မှု ခံစားရမှာဖြစ်ပါတယ်။

Shanghaai Dragons ဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ – ၁၆ မှာ အမိမြေအတွင်း Event လက်ခံကျင်းပကစားရမှာ ဖြစ်ပြီး Guangzhou Charge ကတော့ ဖေဖော်ဝါရီ ၂၁ – ၂၃ ရက်တွေမှာ အိမ်ကွင်းပွဲစဉ်သုံးပွဲကစားရမှာဖြစ်ပါတယ်။ Activision Blizzard ဟာ ကြေညာချက်အတွင်းမှာ အကြောင်းပြချက်ထည့်မဖော်ပြခဲ့သလို မှတ်ချက်တစ်စုံတစ်ရာပေးခြင်းလဲ မရှိသေးပါဘူး။

Ref – Esports Observer

Zawgyi

Activision Blizzard ဟာ သူတုိ႔ရဲ႕ Overwatch Esports လိဂ္ၿပိဳင္ပြဲစဥ္ေတြထဲမွ လာမယ့္ေဖေဖာ္ဝါရီကနေ မတ္လအတြင္္း တရုတ္ျပည္တြင္းမွာကစားရမယ့္ ပြဲစဥ္အားလုံးကို ဖ်က္သိမ္္းေၾကာင္း ေၾကညာလိုက္ပါတယ္။ ထုတ္ျပန္ခ်က္ထဲမွာ ဒီပြဲစဥ္ေတြကို ေနာက္ပုိင္းမွာ ျပန္လည္က်င္းပေပးသြားမယ္လို႔ ပါဝင္ပါတယ္။

အခုရက္သတၱပတ္အေစာပုိင္းမွာ အေမရိကန္ျပည္တြင္းေရးမွ ႏုိင္ငံသားမ်ားအား ဝူဟန္ဗုိင္းရပ္စ္ရန္ေၾကာင့္ တရုတ္ႏုိင္ငံသုိ႔ ခရီးသြားလာဖို႔ကို စဥ္းစားသင့္ေၾကာင္း ထုတ္ျပန္ခဲ့ပါေသးတယ္။ အခုျဖစ္ရပ္မွာ အေၾကာင္းျပခ်က္ မေပးထားေပမယ့္ ကုိရုိနာဗုိင္းရပ္စ္ရန္ေၾကာင့္ဆုိတာ သိသာေနၿပီး ကစားသမားေတြရဲ႕ က်န္းမာေရးကို အေလးထားတဲ့ လုပ္ရပ္တစ္ခုျဖစ္ပါတယ္။

လက္ရွိ Overwatch Esports လိဂ္ထဲမွာ ယွဥ္ၿပိဳင္ေနတဲ့ Chengdu Hunters, Hangzhou Spark, Guangzhou Charge နဲ႔ Shanghai Dragons အစရွိ တရုတ္အေျခစုိက္အသင္းေတြဟာ ဒီေၾကညာခ်က္ေၾကာင့္ တုိက္ရုိက္သက္ေရာက္မႈ ခံစားရမွာျဖစ္ပါတယ္။

Shanghaai Dragons ဟာ လာမယ့္ ေဖေဖာ္ဝါရီ ၁၄ – ၁၆ မွာ အမိေျမအတြင္း Event လက္ခံက်င္းပကစားရမွာ ျဖစ္ၿပီး Guangzhou Charge ကေတာ့ ေဖေဖာ္ဝါရီ ၂၁ – ၂၃ ရက္ေတြမွာ အိမ္ကြင္းပြဲစဥ္သုံးပြဲကစားရမွာျဖစ္ပါတယ္။ Activision Blizzard ဟာ ေၾကညာခ်က္အတြင္းမွာ အေၾကာင္းျပခ်က္ထည့္မေဖာ္ျပခဲ့သလို မွတ္ခ်က္တစ္စုံတစ္ရာေပးျခင္းလဲ မရွိေသးပါဘူး။

Ref – Esports Observer