OnePlus ဟာ Android 10 ထည့်ထားတဲ့ OnePlus Devices တွေအတွက် Oxygen OS Launcher Version 5.0.2.4 ကို ဖြန့်ချိပေးနေပါတယ်။  OnePlus 6/6T, 7/7 Pro/7T/ 7T Pro နဲ့ ပထမမျိုးဆက် OnePlus Nord စမတ်ဖုန်းတွေမှာ အဲဒီနောက်ဆုံးထုတ် Launcher ကို ရရှိသွားပါပြီ။

Android Police က OnePlus ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က ဒီ ၁ ပတ်နောက်ပိုင်းမှာ OnePlus Nord N10 5G နဲ့ N100 တို့မှာ ရကြမယ်လို့ အတည်ပြုထားကြောင်း ပြောပါတယ်။ အဲဒီ Launcher အသစ်မှာ Shelf Feature ရဲ့ ဒီဇိုင်းကို ပြောင်းလဲဆန်းသစ်ထားသလို App Drawer ကိုလည်း မွမ်းမံထားပါတယ်။

Oxygen OS 11 launcher arrives to OnePlus phones running Android 10 – Droid News

တစ်ချိန်ထဲမှာပဲ OnePlus 7 နဲ့ 7T Series တွေဟာ Beta အဆင့်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တရားဝင် Update ကို ရရှိတော့မယ်လို့ ထင်ပါတယ်။ OnePlus 7 နဲ့ 7T Series မှာ Stable Oxygen OS 11 Update ကို ရပြီးနောက်မှာ OnePlus 6 နဲ့ 6T တို့ဟာ Beta အဆင့်ကို ရမယ်လို့ ခန့်မှန်းရပါတယ်။

Ref : gsmarena