OnePlus က Flagship Killer 8T အတွက် နောက်ဆုံးထုတ် Software Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ OxygenOS 11.0.4.5 ဖြစ်ပြီး အိန္ဒိယမှာ ရရှိပြီ ဖြစ်ကာ မကြာခင် ဥရောပနဲ့ မြောက်အမေရိကမှာ ဖြန့်ချိပေးမှာပါ။ Over-the-air Update အနေနဲ့ ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး လက်ရှိမှာ လူအနည်းငယ်မှာ စတင် ရရှိနေပြီ ဖြစ်ကာ လာမယ့်ရက်ပိုင်းအတွင်းမှာ လူများစွာအတွက် ဖြန့်ချိပေးမှာပါ။

OnePlus 8T Review: A Great Phone, but No Bargain | WIRED

OnePlus 8T အတွက် OxygenOS 11.0.4.5 မှာ အနည်းဆုံး Bugs ၁၁ ခုကို ပြင်ဆင်ပေးထားပါတယ်။ ဖုန်းပြောတာ ပိုတည်ငြိမ်လာပြီး စွမ်းအင် စားသုံးတာ သက်သာလာပါတယ်။ Mis-touch Prevention ပါလာပြီး ဂိမ်းကစားရင် ပိုချောမွတ်လာပါတယ်။ ကင်မရာ App မှာ ဓါတ်ပုံရိုက်ရတာ ပိုကောင်းလာသလို ပိုတည်ငြိမ်လာပါတယ်။ အင်တာနက်လိုင်း ပို ကောင်းလာပါတယ်။

ဒါတင်မကသေးပါဘူး။ ဂိမ်းကစားတဲ့အခါ လိုင်းပြတ်ပြတ်သွားတာနဲ့ တချို့ အခြေအနေတွေမှာ NFC ဖွင့်မရတာတွေကို ပြင်ဆင်ပေးထားပါတယ်။ Landscape Mode မှာ Hovering Status Bar မရှိတော့သလို Alert Slider သုံးရတာ ပိုကောင်းလာအောင် ပြင်ဆင်ပေးထားပါတယ်။

Ref : gsmarena