[Zawgyi]









[Unicode]

HUAWEI P30 Pro ၏ အရောင်သစ်ဖြစ်သည့် Amber Sunrise မြန်မာပြည်ဈေးကွက်အတွင်းသို့ ဝင်ရောက်

Huawei P30 Pro Amber Sunrise အား Pre-Order စနစ်ဖြင့် စတင်မှာယူနိုင်ပြီဖြစ်သည်။

Breathing Crystal ၊ Aurora အစရှိသည့် လှပဆန်းသစ်သည့် အရောင်များဖြင့် မြန်မာပြည်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် Huawei P30 Pro သည် Amber Sunrise ဟု အမည်ရသည့် အရောင်သစ်အား မြန်မာပြည်ဈေးကွက်အတွင်းသို့ ထပ်မံ မိတ်ဆက်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

HUAWEI ရဲ့ စမတ်ဖုန်းစီးရီးတစ်ခုဖြစ်သည့် HUAWEI P Series စမတ်ဖုန်းများသည် အနုပညာလက်ရာမြောက်ဖန်တီးမှု နှင့် လှပသေသပ်ကျော့ရှင်းမှုအား ဖော်ဆိုင်နိုင်သည့် အမှတ်အသားတစ်ခု ဖြစ်သည်။ အလှတရားတစ်ခုအား ရှုထောင့်မျိုးစုံမှ ခံစားပြီး ပေါ်ထွက်လာသည့် အမြင်ဆန်းများအား စမတ်ဖုန်း တည်ဆောက်ရာမှာ ထည့်သွင်းအသုံးချဖန်တီးမှုကြောင့် HUAWEI P Series ဖုန်းတွေသည် ဒီဇိုင်းပိုင်းနဲ့သေသပ်လှပကျော့ရှင်းမှုနဲ့အတူ နာမည်ကောင်းရရှိနေခြင်းဖြစ်သည်။

ထိပ်တန်းကင်မရာ နည်းပညာ၊ ဆန်းသစ်တဲ့ ဒီဇိုင်းပိုင်းနဲ့ လှပကျော့ရှင်းသေသပ်တဲ့ သဘောတရားများ ပေါင်းစည်းထားသည့် Huawei P30 Series သည် စမတ်ဖုန်းလောက အား တစ်ခေတ်ဆန်းသစ်စေခဲ့သည်။

Huawei SuperSpectrum Sensor တပ်ဆင်ထားသည့် 40 MP Main Sensor ကြောင့် ပိုမိုသည့်အလင်းဝင်ရောက်နိုင်စေမည်ဖြစ်ပြီး ပိုမိုကြည်လင်ပြတ်သားသည့် ဓာတ်ပုံ နှင့် ဗီဒီယိုများအား အလင်းရောင်အားနည်းသည့် အချိန်မှာပင် ရိုက်ကူးစေနိုင်ခြင်း၊ 20 MP Ultra-Wide Angle Lens သည် အရှည်လျားဆုံးသော အဆောက်အဦးများမှ အစ ကျယ်ပြန့်သည့် မြင်ကွင်းများအထိ ရိုက်ကူးစေနိုင်ခြင်း၊ 8MP 5X SuperZoon Lens ကြောင့် အသေးစိတ်သည့် ပုံရိပ်များအား ရိုက်ကူးစေနိုင်ခြင်း၊ Huawei Time of Flight (ToF) ကင်မရာကြောင့် ပုံရိပ်တစ်ခု၏ Depth of Field အား တိုင်းတာနိုင်မည်ဖြစ်ပြီး လှပသည့် Portrait ပုံရိပ်များ ရိုက်ကူးစေနိုင်ခြင်း၊ 32 MP အရှေ့ကင်မရာကြောင့် လှပသည့် Selfie များလည်း ရိုက်ကူးစေနိုင်မှာ ဖြစ်သည်။

အစရှိသည့် အချက်များကြောင့် Huawei P30 Pro သည် လက်ရှိတွင် ဆုတံဆိပ်များစွာ နှင့် အသိအမှတ်ပြုမှုများစွာအား ရရှိလျှက်ရှိသည်။ Huawei P30 Pro Amber Sunrise တွင် အခြားသော ထူးခြားချက်အနေဖြင့် Storage ပမာဏ 512 GB အထိ ပါဝင်လာသည့် အတွက် ဒေတာ အများအပြားအား သိမ်းဆည်းစေနိုင်မည်ဖြစ်သည်။

Huawei P30 Pro Amber Sunrise အား နီးစပ်ရာ အရောင်းကိုယ်စားလှယ်များထံမှ Pre-Order စနစ်ဖြင့် မှာယူနိုင်မည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် မြန်မာငွေကျပ် ၁,၆၉၉,၀၀၀ ကျသင့်မည်ဖြစ်သည်။

Huawei P30 Pro Amber Sunrise အား ဝယ်ယူသူများမှာ စုစုပေါင်းမြန်မာငွေကျပ် ၃ သိန်းဝန်းကျင် တန်ဖိုးရှိသော Swarovski® Crystals များဖြင့် ဖန်တီးထားသည့် Glamorous Case နှင့် Freelace (Bluetooth နားကြပ်) အား လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။