ဂျပန် အီလက်ထရောနစ် ကုမ္ပဏီ Panasonic က တက်ဘလက် အသစ် တစ်လုံးကို ကြေညာလိုက်ပါတယ်။ Toughbook G2 လို့ နာမည်ပေးထားပြီး Windows 10 OS မောင်းနှင်ထားပါတယ်။ တက်ဘလက်မှာ x-PAK’s လို့ခေါ်တဲ့ Modular Expansion Slots ၃ ခု တပ်ဆင်ထားပြီး အဲဒီမှာ Accessory တွေ တပ်ဆင်နိုင်ပါတယ်။ ကီးဘုတ် တပ်ဆင်ကာ လက်ပ်တော့လို သုံးနိုင်သလို Thermal ကင်မရာ၊ Barcode Scanner ၊ SSD တို့လို ဖန်ရှင် အပိုတွေ သုံးလို့ရပါတယ်။ Toughbook G2 ဟာ Backwards Compatible ဖြစ်ပြီး အရင်ထုတ်ထားတဲ့ Toughbook 20 ၊ G1 Docks အများစုနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

Toughbook G2 မှာ ၁၀.၁ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး အမြင့်ဆုံး အနေနဲ့ 1000 nits Brightness ထောက်ပံ့ထားပါတယ်။ Intel Core i5 or i7 v Pro Processor တွေ ရွေးချယ်နိုင်ပြီး Windows 10 မောင်းနှင်ထားပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် ၁၈ နာရီခွဲတောင် အသုံးခံတဲ့အတွက် ဘက်ထရီ သက်တမ်းကလန်းပါတယ်။ Program ရေးဆွဲပြီး သင် နှစ်သက်တဲ့ အလုပ်တွေကို မြန်မြန် လုပ်နိုင်တဲ့ ခလုတ် ၃ ခု ကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Toughbook G2 ကို တက်ဘလက်လိုရော လက်ပ်တော့လိုပါ အသုံးပြုနိုင်ပြီး ကီးဘုတ်ကို သီးခြား ဝယ်ယူနိုင်ပါတယ်။ တက်ဘလက်မှာ WiFi 6, Bluetooth 5.1 နဲ့ Dual SIM ဆက်သွယ်မှုတွေ ထည့်သွင်းထားပြီး RAM/Storage အနေနဲ့ 16GB or 32GB နဲ့ 512GB or 1TB SSD တွေ ရွေးချယ်နိုင်ပါတယ်။

Toughbook ကို ထုတ်လုပ်ရောင်းချခဲ့တာ ဒီနှစ် ဇူလိုင်လမှာ သက်တမ်း ၂၅ နှစ် ပြည့်သွားခဲ့ပြီ ဖြစ်ပြီး ဒီလထဲမှာ ရောင်းချတဲ့ Toughbook G2 က အမှတ်တရ ဖြစ်သွားမှာပါ။ Toughbook G2 ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၂,၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၅၀ လောက်ရှိတဲ့အတွက် ဈေးအရမ်းမြောက်ပါတယ်။

Ref : gsmarena