လက်ရှိအချိန်မှာ မြန်မာငွေ ၁ သိန်းအောက်တန် စမတ်ဖုန်းတွေက တဖြည်းဖြည်းရှားပါးလာပြီဖြစ်ပါတယ်။ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းတွေက တဖြည်းဖြည်းတက်လာပေမယ့် Panasonic ကတော့ ဒေါ်လာ ၁၀၀ အောက်ပဲရှိတဲ့ Panasonic P95 စမတ်ဖုန်းကို ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

အခု Panasonic ရဲ့ P95 စမတ်ဖုန်းက ပုံမှန် Display အရွယ်အစားဖြစ်တဲ့ 5″ 16:9 Ratio HD Display ကို အသုံးပြုထားပြီးတော့ ပုံစံဒီဇိုင်းအရလည်း ရိုးရိုးရှင်းရှင်းပဲဖြစ်ပါတယ်။ ကိုယ်ထည်ကိုလည်း Polycarbonate Body ကိုပဲ အသုံးပြုထားတယ်လို့ သိရပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Quad Core 1.3GHz Processor ကို အသုံးပြုထားပြီးတော့ RAM အနေနဲ့ 1GB နဲ့ Storage 16GB ပါဝင်မှာဖြစ်ပါတယ်။ Storage ထပ်ပြီး တိုးချဲ့ချင်တယ်ဆိုရင်လည်း MicroSD Card ကနေ 128GB အထိ ထပ်ပြီးတိုးချဲ့လို့ရဦးမှာဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ 8MP Back Camera နဲ့အတူ Selfie Camera က 5MP ပါဝင်တဲ့အတွက် မဆိုးဘူးလို့ပြောလို့ရပါတယ်။

အခု Panasonic P95 စမတ်ဖုန်းဟာ Blue ၊ Gold နဲ့ Dark Gray အရောင်တွေဆိုပြီး ထွက်ရှိထားမှာဖြစ်ပြီးတော့ Battery အနေနဲ့လည်း 2300mAh Battery ပါဝင်တယ်လို့ သိရပါတယ်။

အခု Panasonic P95 စမတ်ဖုန်းက စွမ်းဆောင်ရည်ပိုင်းအရ သာမန်စမတ်ဖုန်းတစ်ခုလို့ပဲ ပြောလို့ရပေမယ့် အားသာချက်ကတော့ ဈေးနှုန်းပဲဖြစ်ပါတယ်။ ရောင်းဈေးက ၇၅ ဒေါ်လာပဲရှိတဲ့အတွက် ဒီဈေးမှာ Panasonic P95 စမတ်ဖုန်းက တော်တော်လေးကိုတန်တယ်လို့ ပြောလို့ရတဲ့စမတ်ဖုန်းတစ်ခုဖြစ်လာပါတယ်။