Panasonic ရဲ့ Toughbook Series တွေဟာ အကြမ်းခံတဲ့ နေရာမှာ နာမည်ကြီးပြီး အခုတော့ Toughbook A3 ကို ချပြလိုက်ပါပြီ။ တက်ဘလက်မှာ ၁၀.၁ လက်မ LCD 1920x1200p မျက်နှာပြင် ထည့်ထားပြီး 800 Nits Brightness အထိ ထောက်ပံ့ထားပါတယ်။ Configure  လုပ်နိုင်တဲ့ ခလုတ် ၅ ခုနဲ့အတူ အသံ၊ ပါဝါ ခလုတ်တွေ ပါလာပါတယ်။ ဖြုတ်နိုင်တဲ့ ဘက်ထရီ၊ ဒစ်ဂျစ်တယ် ဘောပင်၊ USB-A ၊ USB-C Port နဲ့ Dual SIM တွေ ထောက်ပံ့ထားပြီး အရေးပေါ် ဝန်ဆောင်မှုတွေ သုံးနိုင်ပါတယ်။

Toughbook A3 မှာ IP65 စံနှုန်း ပါလာပြီး ရေစိုခံသလို ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ MIL-STD-810H စံနှုန်း ထောက်ပံ့ထားပြီး လုပ်ငန်းသုံးဖို့အတွက် Panasonic Compass Suite ပါလာပါတယ်။ Barcode Scanner , Smart Card Reader နဲ့ အပို USB-A Port တွေ ထည့်ထားပြီး 5MP ဆဲလ်ဖီး ကင်မရာနဲ့ 8MP အနောက် ကင်မရာတွေ ပါလာပါတယ်။

Snapdragon 660 , 4GB RAM နဲ့ 64GB Storage တွေ ထည့်ထားပြီး microSD Slot ပါလာပါတယ်။ Android 9 Pie မောင်းနှင်ထားပြီး အထင်ကရ Global Navigation Satellite System ထောက်ပံ့ထားပါတယ်။ 3,200mAh ဘက်ထရီက ၈ နာရီလောက်အသုံးခံပြီး တက်ဘလက် သုံးနေရင်တောင် ဘက်ထရီ ဖြုတ်လဲနိုင်တာက ထူးခြားပါတယ်။ Panasonic က 5,500mAh ဘက်ထရီကိုလည်း ထုတ်လုပ်ပေးထားပြီး ၁၅ နာရီလောက် အသုံးခံပါတယ်။ ဗြိတိန်မှာ ၁,၁၈၂ စတာလင်ပေါင် သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၂၀ လောက်ရှိတဲ့အတွက် ဈေးက မြောက်ပါတယ်။ (တချိူ့ Website တွေမှာတော့ ဒေါ်လာ ၂,၆၉၉ (မြန်မာငွေ ၃၇သိန်း ဝန်းကျင်) နဲ့ ရောင်းချမယ်လို့ ဖော်ပြထားပါတယ်)

Ref : gsmarena